Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ

Mon, 11/20/2023 - 11:02 -- journal_editor

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်း သာရှိကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံက သိရသည်။ ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကိစ္စနှင့် ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများ တွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်နိုင်သည်ဟူသည့် မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများအနေနှင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှုမရှိသည့် ဆောင်ရွက်မှုများကို တွေ့ရှိပါက လိုအပ်သလို အရေးယူ မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ အရေးယူမှုပြုလုပ်ရာတွင် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက် အတွင်း ဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ  ဖော်ထုတ်အရေးယူလျက်ရှိပြီး မဟုတ်မမှန်သတင်းလွှင့်မှုများနှင့် ဆက်စပ်သတင်းအကြောင်းအချက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Email: gov.office@cbm.gov.mm) ထံသို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။                                                                                  

ပန်းဆု