Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်သာရှိ

Mon, 02/05/2024 - 10:44 -- journal_editor

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများ ထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်သည့် ငွေလဲနှုန်းကို သတ်မှတ်ပေးတော့မည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။  ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့ သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင်လည်း နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေး ရမည် ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ယခင်ကကဲ့သို့Online Trading စနစ်ဖြင့် တစ်ဒေါ်လာလျှင် ၂၉၂၂ ကျပ်ဖြင့်ရောင်းချရန် မလိုအပ်တော့ကြောင်း သိရသည်။ နိုင်ငံခြားငွေလဲဈေးကွက် အတွင်း လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကောလာဟလများ ထုတ်လွှင့်ကာ လိမ် ညာအမြတ်ထုတ်မှုများ ရှိနေသည့်အတွက် မဟုတ်မမှန် သတင်းလွှင့်ပြောကြားသော ဝိသမလောဘသားများကို ဗဟိုဘဏ် ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ် အရေးယူလျက်ရှိသည်။                    

 

 ပန်းဆု