Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်အရောင်းအဝယ်ပုံမှန်တိုင်းရှိ

Mon, 03/04/2024 - 10:26 -- journal_editor

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြောညာချက်တွင် နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကား သည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)) အတွင်း အ‌ရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချ လိုသူနှင့် ဝယ်ယူလိုသူများက တင်သွင်းသည့် ငွေလဲလှယ်နှုန်းပေါ် မူတည်ကာ ြမေုနအ ျွအေန အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲ ပြောင်းရာတွင်လည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ပါရှိသည်။
 

 

ပန်းဆု