Main menu

Background

ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးနှုန်း ကျပ် ၃၈ သိန်းနီးပါးရှိ

Mon, 04/01/2024 - 10:21 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၈ သိန်းနီးပါးဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ YGEA က သတ်မှတ် ထုတ်ပြန်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်တွင် ကာလအတန်ကြာရှိနေခဲ့ရာမှ မတ် ၄ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းကျော်ကို မြင့်တက်ရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိ ပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်နေမှုနှင့် ပတ်သက်၍ ဈေးကွက်အတွင်းရှိ ရွှေဆိုင်များ၊ ပြင်ပရွှေဝယ်ရောင်းသူများ အားလုံးအနေဖြင့်YGEAက နေ့စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် အခေါက်ရွှေ‌ဈေးနှုန်းအောက် တွင်သာ အရောင်းအဝယ် ပြုလုပ်ကြရန်၊ သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ် မပြုလုပ်နိုင်ပါက  ရွှေအရောင်းအဝယ် ရပ်ထားကြရန် အထူးသတိပေးကြောင်းYGEA က ထုတ်ပြန်ကြေညာထားသည်။
ပြင်ပ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် လက်ရှိ တွင် ကောလဟာလ၊ အခြေအမြစ်မရှိသည့် သတင်းအမှားအမျိုးမျိုးကို အကြောင်း ပြကာ ရွှေဈေးနှုန်းကို ဆွဲတင်၊ ဆွဲချလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ် အကြောင်းရင်းအမှန်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိပြီး အရေးယူ ဆောင်ရွက်နေသည့်အတွက် ပြင်ပဈေးကွက်တွင် ရွှေဈေးကစားခြင်း မပြုလုပ်ကြရန်YGEA က ပန်ကြားထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်YGEA ၏ ရွှေဈေးနှုန်းများအနေဖြင့် မတ် ၂၂ ရက်တွင် အခေါက် ရွှေ တစ်ကျပ်သား ကျပ် ၃၇၉၄၃၀ဝ၊ ၂၃ ရက်တွင် ကျပ် ၃၇၉၈၈၀ဝ၊ ၂၅ ရက်တွင် ကျပ် ၃၇၉၈၈၀ဝ၊ ၂၆ ရက်တွင် ကျပ် ၃၇၉၈၉၀ဝ၊ ၂၈ ရက်တွင် ကျပ် ၃၇၉၈၈၀ဝ ဖြစ်ကြောင်း သိရသည်။ 
အလားတူ အဆိုပါ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း များအနေဖြင့်လည်း မတ် ၂၂ ရက်တွင် တစ်အောင်စ ၂၁၆၉ ဒေါ်လာ၊ ၂၃ ရက်တွင် ၂၁၆၅ ဒေါ်လာ၊ ၂၅ ရက်တွင် ၂၁၆၆ ဒေါ်လာ၊ ၂၆ ရက်တွင် ၂၁၇၃ ဒေါ်လာ၊ ၂၈ ရက်တွင် ဒေါ်လာဖြစ်ကြောင်း သိရသည်။                                              

 

   ပန်းဆု