Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် အေးနေ

Mon, 04/01/2024 - 10:22 -- journal_editor

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ ‌လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခြင်း မရှိစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် သြညနပ ဃ့ညေါနမ များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် သြညနပ ဃ့ညေါနမ  များအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လုပ်ငန်းလိုင်စင် ယာယီဆိုင်းငံ့ခြင်း၊ အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ခြင်းမရှိဟုဆိုကာ သြညနပ ဃ့ညေါနမ ၁၀ ခုကို လိုင်စင်ရုပ်သိမ်းခြင်းနှင့် ဆိုင်းငံ့ခြင်းများ ပြုလုပ်၍ အရေးယူ ဆောင်ရွက်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ပန်းဆု