လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်အေးလျက်ရှိ ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ ရောင်းဝယ်နေခြင်းနှင့် လိုင်စင်ရှိ သူများအနေဖြင့်လည်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းမပြုပါက နိုင်ငံခြားသုံး ငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေး ထုတ် ပြန်ထားသည်။
လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အွန်လိုင်းပေါ်တွင် နိုင်ငံခြားငွေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်း လဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည့် အွန်လိုင်း Page များနှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (ADလိုင်စင်ရ ဘဏ်များမှလည်း ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေး ရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေကြေးတို့အား ပုံမှန်ရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။
ကိုတိုး