Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ်အေး

Mon, 07/01/2024 - 14:36 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ လက်ရှိပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ြ ကိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း နိုင်ငံ ခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့် ကြပ်မတ်ကွပ်ကဲလျက်ရှိ‌ ကြောင်း၊ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့် အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံ ပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ် ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ြှနျြ လုပ်ငန်းများကို ငွေ ကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများ ဆောင်ရွက်ခြင်း စသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ 
လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (ဗီ) လိုင်စင်ရ ဘဏ်များမှလည်း  ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်းနိုင်ငံခြား ငွေကြေးတို့အား ပုံမှန် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။