လက်ရှိပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ် ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ စောင့်ကြည့်ကြပ်မတ် ကွပ်ကဲလျက်ရှိကြောင်း၊ ဘဏ် များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဖြစ်သော စုဆောင်းအပ်နှံငွေ အမျိုးမျိုးလက်ခံပြီး နိုင်ငံတော်၏ စီးပွား ရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများ ဆောင် ရွက်ခြင်း စသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ကြေးဈေးကွက်အတွင်းသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် များအတွက် Fx Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ် ရောင်းပေးလျက်ရှိသည်။
လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များမှလည်း ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်းနိုင်ငံခြားငွေကြေးတို့အား ပုံမှန်ရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။
ကိုတိုး