မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေကြေးများ ဆက်တိုက်ထုတ် ရောင်းပေးလျက်ရှိရာ လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ပုံမှန်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များအတွက် င်္ထ ွှမေိငညါ ဏူအေ်သမာ မှတစ်ဆင့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ် ရောင်းပေးလျက်ရှိပြီး ယင်းသို့ နိုင်ငံခြားဈေးကွက်အတွင်း အမေရိကန်ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းမှာ သိသိသာသာ ကျဆင်းလာလျက်ရှိကာ အရောင်းအဝယ် ပုံမှန်ဖြစ်ပေါ်လျက်ရှိသည်။
ယင်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား ဘဏ် လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပေဒ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန် ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့် ကြပ်မတ် ကွပ်ကဲလျက်ရှိကြောင်း၊ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်း ညွှန်ချက်နှင့်အညီ ဘဏ်ဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (ဗီ)လိုင်စင်ရ ဘဏ်များမှလည်း ငွေလဲကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေကြေးတို့အား ပုံမှန် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ကိုတိုး