လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များအတွက် Fx Trading Platformမှတစ်ဆင့် နိုင်ငံခြား ငွေများ ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များအတွက် Fx Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ် ရောင်းပေးလျက်ရှိပြီး ယင်းသို့ နိုင်ငံခြားဈေးကွက်အတွင်း အမေရိကန်ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းမှာ သိသိသာသာ ကျဆင်းလာလျက်ရှိကာ အရောင်းအဝယ်ပုံမှန်ဖြစ်ပေါ်လျက်ရှိသည်။
ယင်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များအား ဘဏ်လုပ် ငန်းလိုင်စင်ထုတ် ပေးထားပြီး ဥပဒေ၊နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲ လျက် ရှိသည်။ လက်ရှိတွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့်လုပ်ငန်း (AD)လိုင်စင်ရ ဘဏ်များမှလည်း ငွေလဲကောင်တာများတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း နိုင်ငံခြားငွေ ကြေးတို့အား ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ကိုတိုး