Main menu

Background

ပြီးခဲ့သည့်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား ကန်ဒေါ်လာရောင်းချပေးမှု သန်း ၁၂၀ ကျော်ထိရှိလာ

Wed, 09/03/2025 - 12:36 -- journal_editor

ပြီးခဲ့သည့်လအတွင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံ ခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ‌စက်သုံး ဆီလုပ်ငန်းရှင်များအား  အမေ ရိကန်  ဒေါ်လာရောင်းချပေးမှု သန်း ၁၂၀ ကျော်ထိ  ရှိလာပြီဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ တော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ လုပ်ငန်းရှင်များအား  သြဂုတ် ၅ ရက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အားလည်းကောင်း၊ ၊ သြဂုတ် ၁၃ရက်တွင်အမေရိကန်ဒေါ်လာ ၃၂ သန်းအားလည်းကောင်း၊ သြဂုတ် ၁၉ရက်တွင်အမေရိကန်ဒေါ်လာ ၃၂ သန်းအားလည်းကောင်း၊ သြဂုတ် ၂၆ ရက်တွင်  အမေရိ ကန်ဒေါ်လာ ၃၂ သန်းနှင့် အခြားသွင်းကုန်လုပ်ငန်း ရှင်များအတွက် တရုတ်ယွမ် ၁၅ သန်းအားလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စားသုံးဆီနှင့် အခြား ကုန်စည်များ တင်သွင်း သည့် လုပ်ငန်းရှင်များအတွက် CMP လုပ်ငန်းများသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂ဒသမ၂ သန်း ခန့် နေ့စဉ်ရောင်းချပေး လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြား ငွေကြေးဈေး ကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ် ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ် ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်း ချပေးခဲ့ကြောင်း သိရသည်။                                                        

ကိုတိုး