သြဂုတ်လ စတုတ္ထပတ်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်း ထူး-၂ ကျပ် ၆၃၀ဝ၊ အောင်ပန်း ထူး-၃ ကျပ် ၇၃၀ဝ၊ အောင်ပန်း ထူး-၄ ကျပ် ၈၃၀ဝ၊ အောင်ပန်းထူး-၅ ကျပ် ၉၃၀ဝ၊ ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများမှာ ဆိပ်ဖြူ (ရှယ်) ကျပ် ၆၃၀ဝ၊ ဆိပ်ဖြူ (လတ်ကြီး) ကျပ် ၆၀ဝ၀၊ ဆိပ်ဖြူ (လတ်သန့်) ကျပ် ၅၆၀ဝ၊ ဆိပ်ဖြူ (လတ်ချော) ကျပ် ၄၆၀ဝ၊ မုံရွာ (ရှယ်) ကျပ် ၆၅၀ဝ၊ မုံရွာ (လတ်ကြီး) ကျပ် ၅၉၀ဝ၊ မုံရွာ(လတ်သန့်) ကျပ် ၅၆၀ဝ၊ မုံရွာ (လတ်ချော) ကျပ် ၄၅၀ဝ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အာလူး တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်း ဗ၁ ကျပ် ၁၇၀ဝ၊ အောင်ပန်း ဥု ကျပ် ၂၇၀ဝ၊ အောင်ပန်း OK ကျပ် ၃၇၀ဝ၊ အောင်ပန်း S1 ကျပ် ၄၀ဝ၀ တို့ဖြစ်ကြောင်း၊ ယခင်တစ်ပတ်ထက် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂၀ဝ-၃၀ဝ ဈေးကျခဲ့သည်။
အောင်ပန်း ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ-၅၀ဝ ဈေးတက်လျက်ရှိပြီး အောင်ပန်းအာလူးမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ ဈေးကျကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရသည်။
သြဂုတ်လ စတုတ္ထပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ် သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ ပိဿာချိန် ၇၄၄၀ဝ၀ ဝင် ရောက်ခဲ့ပြီး ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ ပိဿာ၂၉၇၆၀ဝ ကျန်ရှိကြောင်းကုန်စည်ဒိုင်မှသိရသည်။
တင်တင်ရီ၊ DOCA (ရန်ကုန်)၊
