Main menu

Background

ပြည်တွင်းစက်သုံးဆီ နွေဦးရာသီမှာ အဝယ်လိုက်

Wed, 03/03/2010 - 07:59 -- Anonymous (not verified)

    နွေဦးရာသီမှာ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်များကြောင့် ဒီလအတွင်း လက်လီဆိုင်များတွင် ဓာတ်ဆီဈေး ၃၁ဝဝ ကျပ်ဝန်းကျင်မှ ၃၃ဝဝ ကျပ်ဈေးအထိ အပြောင်းအလဲရှိလာ ကြောင်း သိရပါတယ်။ အက်ဖ်အီးစီဈေး အပြောင်းအလဲ သိပ်မရှိလှသော်လည်း ပြည်တွင်းဆိုင်များမှာ အက်ဖ်အီးစီးနဲ့ ဓာတ်ဆီထုတ်ရာမှာ ယခင် အပတ်က ၂ ဒသမ ၉ ခန့်ရှိရာမှ ယခုအပတ်တွင် ၃ ဒသမ သုညနှင့် ၃ ဒသမ ၁ အထိ ဈေးအပြောင်းအလဲရှိလာကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ တတိယပတ် အတွင်း ဒီဇယ်ပီပါအလိုက် ရောင်းဈေးမှာ ၁၅၃ဝဝဝ ပတ်လည်ခန့်ရှိသော်လည်း ဓာတ်ဆီပီပါရောင်းဈေးမှာ ၁၆ဝဝဝဝ မှ ၁၆၅ဝဝဝ အထိ အပြောင်းအလဲဈေးအမြင့် ရှိခဲ့ပါတယ်။ပြည်တွင်းဓာတ်ဆီ ဝယ်လိုအားပုံမှန် ဖေဖော်ဝါရီ တတိယပတ်တွင်း ပြည်တွင်းမှာရှိတဲ့ လက်လီဆိုင်ခွဲလေးတွေရဲ့ ဓာတ်ဆီဒီဇယ်ဆီဝယ်လိုအားကပုံမှန်ရှိပြီး ဈေးနှုန်းနည်းနည်းမြင့်လာတာ အောက်ပါအတိုင်း တွေ့ရပါတယ်-ဖေဖော်ဝါရီ     ဓာတ်ဆီ (ကျပ်)          ဒီဇယ်(ကျပ်)   ရက်       ရန်ကုန်   မန္တလေး    ရန်ကုန်    မန္တလေး    ၁၈        ၃၃ဝဝ      ၃၂ဝဝ      ၃၂ဝဝ      ၃၂ဝဝ     ၁၉        ၃၃ဝဝ      ၃၂ဝဝ      ၃၂ဝဝ      ၃၂ဝဝ    ၂၂        ၃၂ဝဝ      ၃၂ဝဝ      ၃၂ဝဝ      ၃၂ဝဝ    ၂၃        ၃၂ဝဝ      ၃၂ဝဝ      ၃၂ဝဝ      ၃၃ဝဝ    ၂၄        ၃၃ဝဝ      ၃၃ဝဝ      ၃၂ဝဝ      ၃၃ဝဝ