Main menu

Background

ပြည်တွင်းစားအုန်းဆီဈေး ကျဆင်းလာ

Tue, 02/09/2010 - 04:37 -- Anonymous (not verified)

   ပြည်တွင်းစားအုန်းဆီဈေး ယခင်အပတ်ထက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာ ၁၈၅ဝ ကျပ်ခန့်ရှိနေတဲ့ စားအုန်းဆီလက်ကားဈေးဟာ အခုတစ်ပတ်မှာ ၁၇ဝဝ ကျပ်အောက်ကို ရောက်သွားတယ်လို့ ဘုရင့်နောင်ရှိ ဆီကုန်သည်ကြီးများက ပြောပါတယ်။    ဆီကိုယ်စားလှယ်ကြီးတွေရဲ့ အရောင်းဆိုင်မှာတော့ တစ်ပိဿာ ၁၅၄၄ ကျပ် ဈေးနဲ့ဈေးငြိမ်နေတာ လေးပတ်ခန့်ရှိပြီလို့ ညောင်ပင် လေးဈေးက ဆီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။    ဘဏ်သွင်းဈေးမပြောင်းတာ တစ်လလောက်ရှိပြီ၊ ဒီတော့ ကျွန်တော်တို့လည်း ပုံမှန်ဈေးပါပဲ၊ FOB ဈေးထပ်ကျရင်၊ မလေးရှားဆီ ဈေးပြောင်းရင်တော့ အနည်း ငယ်ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် ခန့်မှန်းရတာကတော့ ရှေ့တစ်ပတ်လည်း ဈေးငြိမ်နိုင်ပါတယ်''လို့ အဆိုပါကိုယ်စားလှယ်က ထပ်မံပြောပါတယ်။    လက်လီစားသုံးသူဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာ ၁၉ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ကြား ရောင်းချနေကြပြီး အရောင်းအဝယ် ပုံမှန်ရှိ နေကြောင်း သိရပါတယ်။                                                                                                                                   လွင်လွင်မိုး