Main menu

Background

ပြည်တွင်းစိန်ဈေးကွက်တွင် ကိုရီးယားစိန်များကြောင့် အနှောင့်အယှက်ဖြစ်

Sat, 03/06/2010 - 04:06 -- Anonymous (not verified)

     ယခုလတ်တလော စိန်ဈေးကွက်တွင် ကိုရီးယားစိန်အတုများ ဝင်ရောက်လာမှုကြောင့် စိန်ရောင်းဝယ်ရေး ဈေးကွက်တွင် အနှောင့် အယှက်များ ဖြစ်ပေါ်ခဲ့ကြောင်း စီအမ် စိန်ရောင်းဝယ် ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားပါတယ်။     ''အခုဆို ကိုရီးယားစိန် ရောင်း ဝယ်တာက အရင်ကထက်  ပိုဆိုးလာ တယ်။  ဒါပေမယ့်လည်း အတုကအတုပါပဲ။ ဒီလိုအတုတွေ ပေါ်တာကလည်း အခုမှမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာက တည်းကပေါ်ပေါက်ခဲ့တာ မွိုက်(စ်)နိုက် (Moisnite) စိန်အတုဆိုရင် သူ့ ထက် အရည်အသွေးလည်း ကောင်းတယ်။ သူ့ထက်လည်း  မာတယ်။  သူ့ကိုဆိုရင်  စက်နဲ့စမ်းမှ  အတုအစစ် ခွဲလို့ရတယ်။ အခု ဒီကိုရီးယားစိန်က အတုနဲ့အစစ် ခွဲခြားရလွယ်ပါတယ်။ မှန်ဘီးလူးနဲ့ ကြည့်လို့ရသလို စိန်မှုန့်ပါတဲ့ကော်ပတ်နဲ့စားပြီး ကြည့်ရင်လည်း ကြည့်လို့ရပါတယ်။ စိန်အစစ်က ကော်ပတ်နဲ့စားရင် ကြောင်ခြစ်ရာ မထင်ဘူး။ စိန်အတုက ကြောင်ခြစ်ရာထင်တယ်။ အခုဆို ဒီ ကိုရီးယားစိန်အတုတွေကို  မွန်ပြည်နယ်ဘက်မှာ သွားရောင်းနေတယ်လို့  ကြားပါတယ်'' ဟု ၄က ပြောပါတယ်။     ယခုအခါ စိန်ဈေးကွက်အတွင်း Next to white ၁ဝ လုံးစီး (ရွယ်စုံ) နားကပ်တစ်ရံကို ကိုရီးယားစိန်အတုမှာ ကျပ်နှစ်သောင်း ခွဲခန့်သာရှိပြီး စိန်အသန့် ဖြင့်ပြုလုပ်ပါက နားကပ်တစ်ရံကို ကျပ်ငါးသိန်းဈေးရှိကြောင်း သိရပါတယ်။                                                                                                                                            မင်းသန့်