စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေသော ပေါ်လစီလက်နက်
ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးက အထူးစီးပွားရေးဇုန် သဘော တရားကို ပိုမိုလက်ခံလာကြသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် အထူးစီးပွားရေးက ဖန်တီးပေးမည့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုရှာဖွေနေကြသည်။ ထို့ပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုEconomic development)) နှင့် စီးပွားရေးပုံစံ ပြောင်းလဲမှု Structural transformation) အထောက်အကူ ဖြစ်စေရန် ၎င်းတို့၏အလားအလာကို အသုံးချနေကြသည်။ ကြီးမားသည့် အခက်အခဲများ ကြုံတွေ့နေရသည့် နိုင်ငံများ၌ အထူးစီးပွားရေးဇုေန် တည်ထောင်ခြင်းသည် စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူပြုသော စီးပွားရေးပတ် ဝန်းကျင် ဖန်တီးပေးသည်။ အစိုးရသည် နှိုင်းယှဉ်အားသာချက် (Comparative advantage) မရှိသော ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် နည်းလမ်းတစ်ခုအဖြစ် အထူးစီးပွားရေးဇုန် တည်ဆောက်သည်။ ထို့ပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမို တင်ပို့နိုင်ရေးအတွက် အထူးစီးပွားရေးဇုန်များ တည်ဆောက် သည်။
အထူးစီးပွားရေးဇုန်ပေါ်လစီသည် ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ရသော အချို့ကန့်သတ်ချက်များ ဖယ် ရှားပြီး ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြားနေရာ၌ မရရှိနိုင်သော မက်လုံးများ ဖန်တီးပေးသည်။ အဆိုပါ ကန့် သတ်ချက်များမှာ စည်းမျဉ်းစည်းကမ်းနှင့် အခြေခံအဆောက် အအုံမှသည် မြေယာနှင့် ကုန်သွယ်မှု ထောက်ပံ့ပို့ဆောင်ရေး Trade logistics) အထိ ပါဝင်သည်။ အထူးစီးပွားရေးဇုန်များ သည် သတ်မှတ်ထားသည့် ပတ်ဝန်းကျင်၌ အဆိုပါကန့်သတ် ချက်များ ကျော်လွှားပြီး အချို့သောပြုပြင်ပြောင်းလဲမှု သို့မ ဟုတ် မူဝါဒသစ်နှင့် ချဉ်းကပ်မှုသစ်များ အသုံးပြုနိုင်သည်။
အရင်းအမြစ် အကန့်အသတ်ရှိခြင်းနှင့် အကောင် အထည်ဖော်နိုင်မှု အားနည်းခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ သည် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကို မဖန်တီး နိုင်ပေ။ တစ်နည်းအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်မည့် အခြေခံအဆောက်အုံများ တစ်ကြိမ်တည်း ဖြင့် မတည်ဆောက်နိုင်ပေ။ ထို့ကြောင့် အရင်းအနှီးနှင့် နည်းပညာ ရရှိရေးအတွက် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လိုအပ်သည်။ အထူးစီးပွားရေးဇုန်သည် ဇုန်အတွင်း လမ်း၊ လျှပ်စစ်ဓာတ်အား၊ ရေနှင့် ရေဆိုးသန့်စင်ခြင်း ကဲ့သို့သော အခြေခံအဆောက်အအုံ၊ ပိုမိုကောင်းမွန်သော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်၊ ထိရောက်သည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းအပါအဝင် ပိုမိုကောင်းမွန်သည့် စီးပွား ရေးပတ်ဝန်းကျင် ဖန်တီးနိုင်သည်။ အချို့သော ခေတ်သစ် အထူးစီးပွားရေးဇုန်များသည် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု Green development) နှင့် သဘာဝပတ်ဝန်းကျင် ဦးစားပေး သော စက်မှုဇုန်များ (Eco-industrial cities)ဖြစ်လာသည်။ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြား နေသည်။ ပညာရှင် အနည်းစုကသာလျှင် အထူးစီးပွားရေးဇုန် သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားမှုမရှိသော မဟာ ဗျူဟာ Suboptimal strategy) သို့မဟုတ် ဒုတိယအကောင်း ဆုံးရွေးချယ်မှု Second-best option) သို့မဟုတ် တတိယ အကောင်းဆုံး ရွေးချယ်မှု Third-best option) အဖြစ် ရှုမြင် သည်။
အထူးစီးပွားရေးဇုန်သည် အနည်းငယ်သာ အကျိုးရှိပြီး သယံဇာတခွဲဝေမှု (Resource allocation) ကို ထိခိုက်စေ ကြောင်း အချို့ကပြောဆိုသည်။ ထို့အတူ သုတေသနပြုချက် အချို့၌ အထူးစီးပွားရေးဇုန်သည် သက်သာချောင်ချိရေး လျော့ကျစေကြောင်း၊ လူတစ်စု၏ ကောင်းကျိုးအတွက်သာ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် အခြားသော သုတေသနပြုချက်များအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းနှင့် ပို့ကုန်အမျိုးအမည် ပိုမို များပြားလာခြင်းတို့ကြောင့် အလုံးစုံသော လူမှုရေး ကောင်း ကျိုး ( (Overall social welfare)) တိုးတက်လာနိုင်ကြောင်း သိရှိ ရသည်။
အထူးစီးပွားရေးဇုန် အများအပြားသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း၊ အလုပ်အကိုင် ဖန်တီးခြင်းနှင့် ပို့ကုန်တိုးတက်ခြင်းတို့ကြောင့် စီးပွားရေး အကျိုးအမြတ် (Positive cost-effective effect) ဖြစ်စေ ကြောင်းလည်း သိရှိရသည်။ ထင်ရှားသည့် ဥပမာအဖြစ် အရှေ့အာရှအတွေ့အကြုံများ (East Asian experiences) ကို တွေ့မြင်နိုင်သည်။ ထို့ပြင် အထူးစီးပွားရေးဇုန် တည်ထောင် ခြင်းက ဒေသတွင်းစီးပွားရေး Local economy) နှင့် လုပ် သားဈေးကွက်အတွက် များစွာကောင်းကျိုး သက်ရောက်စေ နိုင်ကြောင်း တွေ့ရှိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ဝင် ရောက်လာပြီးနောက် ပြည်တွင်းလုပ်ငန်းများနှင့် ဇုန်အခြေခံ မဟုတ်သောကုမ္ပဏီများ ((Non-zone-based firms) အတွက် ကောင်းကျိုးသက်ရောက်မှုများ Externalities or Learning effects) ရှိနိုင်သည်။
ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း၊ နည်းပညာသစ် ရရှိ ခြင်းနှင့် ပြည်တွင်းလူဦးရေအပေါ် လူမှုရေးကောင်းကျိုးပြု ခြင်း စသည့် ဆက်စပ်ကောင်းကျိုးများ Positive spillover effects) ဖြစ်လာနိုင်သည်။ ယေဘုယျအားဖြင့် အထူးစီးပွား ရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုက် ရိုက်ကောင်းကျိုး Direct benefits) နှင့် သွယ်ဝိုက်ကောင်းကျိုး Indirect benefits) ဟူသော အဓိကကောင်းကျိုး နှစ်မျိုး ခံစားရမည်။ တိုက်ရိုက်ကောင်းကျိုးများမှာ အလုပ်အကိုင် ဖန်တီးပေးခြင်း (Employment generation)၊ နိုင်ငံခြားဝင်ငွေ ရရှိခြင်း (Foreign exchange earnings)၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (Foreign direct investment)၊ အစိုးရဝင်ငွေ Government revenue)နှင့် ပို့ကုန်တိုးတက်မှု (Export growth) တို့ဖြစ်သည်။
သွယ်ဝိုက်ကောင်းကျိုးများမှာ ကျွမ်းကျင်မှုအဆင့်မြှင့် တင်ခြင်း Skills upgrading)၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှင့် စားသုံးသူ အပြုအမူပြောင်းလဲမှု စမ်းသပ်ခြင်း Testing field for wider economic reform & Demonstration effect))၊ နည်းပညာ လွှဲပြောင်းခြင်း Technology transfer နှင့် ခေတ်မီလက်တွေ့ စီမံခန့်ခွဲမှု လက်ခံကျင့်သုံးခြင်း Adoption of modern management practice)၊ ပို့ကုန်အမျိုးအမည် တိုးပွားခြင်း (Export diversification) ပြည်တွင်းကုမ္ပဏီများ ၏ ကုန်သွယ်မှုစွမ်းရည် မြှင့်တင်ခြင်း ((Enhancing trade efficiency of domestic firms)၊ လုပ်ငန်းစုဖွဲ့မှု အဆင်ပြေ ချောမွေ့ခြင်း (Cluster facilitation)၊ မြို့ပြနှင့်ဒေသ ဖွံ့ဖြိုး တိုးတက်မှု (Urban and regional development) နှင့် အစိမ်း ရောင်စီးပွားရေး တိုးတက်မှု Green growth) တို့ဖြစ်သည်။ အထူးစီးပွားရေးဇုန် အောင်မြင်ခြင်းမရှိပါက သွယ်ဝိုက် ကောင်းကျိုးများ ရရှိခံစားရန် ပိုမိုခက်ခဲသည်။
Source: pedl.cepr.org
သိန်းမြင့်ဝေ
