Main menu

Background

ပါမစ်မြေကွက်များအရောင်းသွက်နေ

Fri, 06/27/2014 - 06:34 -- ydnar

ဒဂုံမြို့သစ်မြို့နယ်များဖြစ်သည့် ဒဂုံအရှေ့၊ဒဂုံတောင်မြို့နယ်၊ဒဂုံဆိပ်ကမ်း မြို့နယ်များရှိ ပါမစ်မြေကွက်များ ယခုလပိုင်းအတွင်း အရောင်း အဝယ်သွက် လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်မှ ဦးသန်းဦးကပြောသည်။
ယခင်ကပါမစ်မြေကွက်များမှာ အမည်ပေါက်လျှောက်ခွင့်မရခြင်း ကြောင့် ပါမစ်မြေကွက်များ အရောင်း အဝယ် အနည်းငယ် သာရှိသော်လည်း နောက်ပိုင်းတွင်အစိုးရမှအရပ်စာချုပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီးသော ပါမစ် မြေကွက်များကို ဂရန်လျှောက် ခွင့်ပြု ထားခြင်းကြောင်း သိရသည်။

ထိုကဲ့သို့ပါမစ်မြေကွက်များကို အရပ်စာချုပ်မှ ဂရန်အဖြစ်လျှောက် ခွင့်ပြုထားခြင်းကြောင့် မေလနှင့် ဇွန်လအတွင်း ဒဂုံဆိပ်ကမ်း၊ ဒဂုံအ ရှေ့နှင့် ဒဂုံတောင်များတွင် ပါမစ်မြေ များအရောင်းအဝယ်သွက်လာကြောင်း သိရသည်။
''ဒဂုံဆိပ်ကမ်းဘက်မှာ အရောင်း အဝယ်များလာတာကတော့ ပါမစ် မြေကွက်တွေ အခွန်နှုန်းထားလျှော့ ပေါ့မှုပေါ်မူတည်ပြီး ဂရန်မြေကွက် တွေအရောင်းအဝယ်လိုက်လာတာ ကနေပြီးတော့ ပါမစ်မြေကွက်ကိုပါ ဆွဲတင်သွားတယ်''ဟု၎င်းကပြောသည်။
ထိုသို့ပါမစ်မြေများကို ဂရန် ပြုလုပ်ပြီး အဆင့်ဆင့်လက်လွှဲရောင်း ချမှုများပြုလုပ်နေသော်လည်းသန်လျင် နှင့် လှိုင်သာယာ မြို့နယ်များတွင် ရှိ သောပါမစ်မြေများမှာအရောင်းအဝယ် နည်းပါးလျက်ရှိကြောင်း သိရသည်။
''ဒဂုံဆိပ်ကမ်းတို့ ဒဂုံတောင်တို့ ဆို တာအခုအတော်ကိုစည်လာပြီ။ဒါ့ကြောင့် လည်း အိမ်ခြံမြေဈေးတွေက တက်လာ သလိုပါမစ်မြေတွေလည်းအရောင်းလိုက် လာတယ်။ လှိုင်သာယာဘက်ကတော့ လူနေထိုင်မှုက နည်းသေးတယ်လို့ ဆိုရ မယ် ဒါ့ကြောင့်သိပ်ပြီးမစည်ကားသေး ဘူး ဒါ့ကြောင့်အဝယ်နှေးနေတာဖြစ်နိုင် တယ်''ဟုအိမ်ခြံမြေအကျိုးဆောင်တစ် ဦးက သုံးသပ်ေြ ပာကြား သည်။
၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်မှစပြီး အစိုးရအနေဖြင့် အခွန်နှုန်းထားကို လျှော့ချပေးခဲ့သည့်နောက်ပိုင်းတွင် အမည်ပေါက် ဂရန်မြေကွက်များ အရောင်းအဝယ် ပိုမိုများလာသည့် အ ပြင်အဆိုပါဂရန်မြေကွက်များအရောင်း အဝယ်ကောင်းမှုကြောင့် ပါမ စ်မြေကွက် များပါ အရောင်းအဝယ်ပိုမို ကောင်းမွန် လာကြောင်း ၎င်းင်းကပြောသည်။