Main menu

Background

ဖုန်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ အိမ်ခြံမြေများကို တစ်ဆင့်ဝယ်ယူငှားရမ်းနိုင်ပြီ

Fri, 06/27/2014 - 06:36 -- ydnar

ဇွန်လ ၁၉ ရက်နေ့မှစပြီး ဖုန်းမှ တစ်ဆင့်မြန်မာနိုင်ငံရှိ အိမ်ခြံမြေများကိုရွေးချယ် ဝယ်ယူငှားရမ်းနို င်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရှိအိမ်ခြံမြေတစ်ခု ဖြစ်သော  House.com.mm မှ မန် နေးဂျင်းဒါရိုက်တာ Antonius Salisကပြောသည်။
''ဒီလို ဝက်ဘ်ဆိုက်ထဲမှာကြေညာ ပေးတဲ့ကြေငြာခကိုပိုင်ရှင်တွေကြေငြာ ခိုင်းတဲ့သူတွေဆီကယူမှာ ပါ။ပွဲစားခ တွေလည်းပေး စရာမလိုဘူး။ ပြီးတော့ ကိုယ်လိုချင်တဲ့ အိမ်ခြံမြေကို အကုန် ဒီတစ်နေရာတည်းမှာ အားလုံးရှာဖွေ နိုင်တယ်။

နိုင်ငံလေးနိုင်ငံကို လည်း မိတ်ဆက်ခဲ့ပြီးပြီမြန်မာနိုင်ငံမှာဆိုလည်း Android  ဖုန်းတွေကလူသုံးအများဆုံး ဖြစ်တဲ့အတွက် ဖုန်းထဲမှာ ကြည့်ရုံနဲ့ ရတယ် ။ ပြီးတော့အချိန်ကုန် လူပင်ပန်း ဖြစ်စရာလည်းမလိုဘူး'' ဟုတာဝန်ရှိသူ တစ်ဦးကပြောသည်။
ထိုကဲ့သို့ ဝက်ဆိုက်များတွင် ကြည့်ရှုဝယ်ယူခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်းဖြစ်ခြင်း သက်သာမည်ဖြစ် သလို လက်ရှိပြည် တွင်းအိမ်ခြံမြေ ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ပွဲစားများကို ပွဲခများပေးရခြင်းကင်းလွတ်ကာ အိမ် ခြံ မြေ တိုက် ရိုက်ရောင်းချသူများနှင့် ပွင့်ပွင့် လင်းလင်း ဈေးနှုန်းညှိပြီး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင် မည်ဖြစ် ကြောင်း သိရ သည်။
အဆိုပါ ံHouse .com.mm o သည် ဘာလင်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး အာရှ၊အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကနှင့်အာဖရိက စသည့်နိုင်ငံ၂၈ နိုင်ငံတွင် မိတ်ဆက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံရှိအိမ်ခြံမြေများကို ဖုန်းမှ တစ်ဆင့် ဝယ်ယူ ငှားရမ်းနိုင်ရန် Android device  ကိုလွှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
''Smartphone ဈေးကွက်က မြန်မာတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာ လုံးရဲ့အနာဂတ်လိုဖြစ်နေတယ်။ ဒါ့ ကြောင့် မြန်မာနိုင်ငံ တင်မဟုတ်ဘူး။နိုင်ငံ၂၈ နိုင်ငံမှာပါ ကျွန်တော်တို့ရဲ့ အိမ် ခြံမြေတွေကိုအသုံးပြုသူတွေ လက်ထဲ အတော် များ များရောက် သွားစေလိုတာ ကြောင့် Android App  ကိုထုတ်လုပ် တာပါ'' ဟု ၎င်းင်းကပြောသည်။
၎င်းတို့အနေဖြင့် မြန်မာပြည်တွင်Motor.com.mm, Ads.com.mm,House.com.mm,  Work.com.mm  Kaymu.com.mm အစရှိသည့် ဝက်ဘ် ဆိုက်များကိုတည်ထောင်ထားပြီး ယခု အခါတွင် ဖုန်းမှတစ်ဆင့် ရွေးချယ်ဝယ် ယူနိုင် သည့်  Android device ကိုမြှင့် တင်သွားမည်ဖြစ်ကြောင်း သိရသည်။