Main menu

Background

ရန်ကုန်-မြစ်ကြီးနား ရထားခရီးစဉ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်

Fri, 06/27/2014 - 06:44 -- ydnar

ခရီးသည်လိုက်ပါမှုအများဆုံး အသုံးပြုနေသည့် ရန်ကုန်-မန္တလေးခရီးစဉ်နဲ့ မန္တလေး-မြစ်ကြီးနား ခရီးစဉ် ကို ရန်ကုန်-မန္တလေးနှင့် မန္တလေး -မြစ်ကြီးနားရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီတွေများနှင့် ပူးပေါင်းဆောင် ရွက်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရ ထားမှ  သိရသည်။

''ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနားရထားခရီးစဉ်တွေအတွက် ပုဂ္ဂလိကကုမ္မဏီတွေများနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အ တွက် တင်ဒါတင်သွင်း မှုတွေကို မကြာခင်လက်ခံသွားတော့မှာ ဖြစ်ပါတယ်။''ဟု မြန်မာ့မီးရထားမှ   တာဝန်ရှိသူတစ်ဥိး ကပြော ကြားသည်။
ရန်ကုန်မှ  မန္တလေး သို့  အမှတ်(၃)အ ဆန်၊ အမှတ်(၅)အဆန်၊ အမှတ်(၁၁) အဆန် စသည့် ရထား(၃)စင်း ပြေးဆွဲ နေသည်။ ယင်းခရီးစဉ်တွင် ပုံမှန်ရာသီ ချိန်တွင်ခရီးသည်လေးသောင်းခွဲကျော် လိုက်ပါစီးနင်းလေ့ရှိပြီး၊ ခရီးသွား ရာသီ ချိန်တွင် ခရီးသည် ငါးသောင်းကျော် လိုက်ပါစီးနင်းလေ့ရှိသည်ဟုဆိုသည်။
''မြန်မာ့မီးရထားအနေနဲ့ ရန်ကုန်-မန္တလေးခရီးစဉ်မှာ လက်ရှိပြေးဆွဲနေ တဲ့ အမှတ်(၁၁) အဆန်၊ အမှတ်(၁၂) အစုန်နဲ့ မန္တလေး-မြစ်ကြီးနားခရီးစဉ်က အမှတ်(၃၇)အဆန်၊ (၃၈)အစုန်တို့ကို လည်းပုဂ္ဂလိကလုပ်ငန်းတွေနဲ့အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။နောက်ပိုင်းမှာတောင်းဆိုလာတဲ့လမ်းပိုင်း တွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်'' ဟု၎င်းကဆက် လက်ပြော ကြားသည်။

 

အဆိုပါရန်ကုန်-မန္တလေးခရီးစဉ်နဲ့ မန္တလေး-မြစ်ကြီးနား ခရီးစဉ်အတွက်ပုဂ္ဂလိကကုမ္ပဏီတွေနှင့် အကျိုးတူပူးပေါင်းေ ဆာင်ရွက်ရာတွင် ရန်ကုန်-မန္တလေးပြေးဆွဲနေတဲ့ (၁၁) အဆန်နဲ့ (၁၂)အစုန်အား လက်ရှိပြေးဆွဲနေသည့် တွဲဆိုင်း များနှင့် ပြေးဆွဲမှာဖြစ်ပြီး မန္တလေး-မြစ်ကြီးနား (၃၇)အဆန်၊ (၃၈)အစုန်တွင် မြစ်ငယ်စက်ရုံကထုတ် သည့် တွဲဆိုင်းသစ် များနှင့် ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။။