Main menu

Background

စက်တင်ဘာလလယ် ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံဈေးမြင့်တက် အခြားပဲများဈေးကျ

Fri, 09/26/2014 - 13:51 -- ydnar

 

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်နဲ့ အဓိက အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများရဲ့ ပဲဈေးနှုန်းများမှာ ပဲစင်းငုံ သီးနှံသာယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်လာပြီးကျန်ပဲများဖြစ်သောမတ်ပဲ၊ပဲတီစိမ်း၊ကုလားပဲဈေးများမှာ ဈေးလျော့ သွားကာပဲကြီးသီးနှံဈေးကတော့ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။မတ်ပဲသီးနှံမှာ ရွှေတောင်၊ ပေါက်ခေါင်း၊ ကျီးသဲဖက်မှ အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့ပြီး ရန်ကုန် ဝယ်လက်ကလည်း နေ့စဉ် အဝယ်မရှိဘဲ ရက်ခြားသာ

အဝယ်ရှိလို့ အိတ် ၂၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးမှာ လဆန်းရက်ထက် ဈေးထပ်လျော့သွားလို့
ယခုတစ်ပတ်မှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်သာ ဈေးလျော့အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် မှာ ဈေးလျော့နေတယ်လို့ဆို သော်လည်း ယခင်နှစ်ပဲဈေးထက်တော့ ဈေးပိုရလျက်ရှိခဲ့ပါတယ်။
ပဲတီစိမ်းသီးနှံမှာလည်း ပဲအဝင်မရှိသလောက် ဖြစ်ခဲ့လို့ မန္တလေးဝယ်လက်ကလည်း တစ်ခါတစ်ရံသာ စုပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ရက်မှာ အိတ် ၂၀၀ ကျော်ခန့်အား တစ်တင်းဈေးနှုန်း ၃၁၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပါတယ်။ ပဲဈေးမှာလည်း လဆန်းတွင် တစ်တင်း ၃၁၅၀၀ ကျပ်ဖြင့် ဈေးငြိမ်ငြိမ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာမှာ အခုလ လယ်တွင်တော့ ထပ်မံကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကုလားပဲသီးနှံဈေးကလည်း အခြားပဲများ ဈေးလျော့နေသလို ယခုတစ်ပတ်မှာ တစ်တင်း ၁၃၇၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများဖြင့်သာ ဒေသတွင်း ခွဲစက်သမားနေ့စဉ် အဝယ်ရှိနေလို့ အိတ် ၁၅၀ ကျော် ပုံမှန်အဝယ်ရှိခဲ့ပါတယ်။
ယခုလလယ်တွင် အခြားပဲများဈေးအေး ဈေးလျော့နေ ပေမယ့် ပဲစင်းငုံ သီးနှံကတော့ တစ်တင်း ကျပ် ၁၀၀၀ ခန့်ဈေး ပိုရခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ လက်ကျန်ပဲများအား ဝယ်ယူမှုရှိလို့ အိတ် ၃၀၀ ကျော်ခန့် အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် အခြားပဲများထက် ဒီတစ်ပတ်အတွင်း ဈေးလည်း ပိုအရောင်းအဝယ်ဖြစ်မှု ပမာဏလည်း ပိုခဲ့တာ ကို တွေ့ရပါတယ်။
ပဲကြီးသီးနှံကတော့ ဈေးငြိမ်လျက်ရှိတာကြောင့် ပဲအဝင် မရှိပေမယ့် လက်ကျန်ပဲများအား ဒေသတွင်းပဲကြော်ဖို သမားများ နေ့စဉ် အဝယ်ရှိကာ အိတ် ၁၅၀ တစ်ပတ်လည် ရောင်းဝယ်ခဲ့ကြပါတယ်။ ပဲကြီး ရွှေကျွန်းမှာ  တစ်တင်း ၂၅၀၀၀ ကျပ်၊ ကမ်းနားတစ်တင်း၂၂၅၀၀ကျပ် ဖြင့်သာ ရောင်းချမှုရှိ သလို မျိုးပဲသမားမှလည်း တစ်ချို့ရက်များမှာ ဝယ်ယူနေတဲ့အတွက် မျိုးပဲဈေးနှုန်းကတော့တစ်တင်း ၂၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။