Main menu

Background

ခေါင်းထောင်နေသောတရုတ်မုန့်စုံများ

Tue, 04/09/2013 - 13:18 -- ydnar

တရုတ်မုန့်မျိုးစုံသည် အညာမြို့ရွာ မုန့်စုံဆိုင်များတွင် ရောင်စုံပန်းများလို အစီအရီ ကလေးများအကြိုက် ဆိုင်ပေါ် ရောက်နေသည်။ အပြင်အဆင်လှလှနှင့် မြင်လျှင်လိုချင်အောင်ပြုလုပ်ထား၍လည်း တရုတ်မုန့်မျိုးစုံ သည် မြန်မာမုန့်တွေထက် အပြင်အဆင်သာသည်။ အရသာမှာ ပြောမပြတတ်အောင် ညံ့နေသည်။ တစ်ခါဝယ် ရုံနှင့် အော့ကြောလန်သွားသည်။

 

စားသုံးရသည့် ပစ္စည်းထက် အသွင်သဏ္ဌာန်ကို ဦးစားပေးထားသည်။ တရုတ်ပန်းချီပုံနှင့် တရုတ်စာများ  စုံနေသည်။မြန်မာမုန့်များကြား အလုံးအရင်းနှင့် ဝင်နေသည်။ ဒိုးတူဒိုးစနစ်ကြောင့် မော်တော်ဆိုင် ကယ်နှင့် သေ တ္တာနှစ်သေတ္တာတွင် မုန့်စုံပါလာပြီး ကျေးလက်ရွာအရောက် ဝယ်၍ရနေသည်။
မြန်မာမုန့်တွေက အရသာရှိသော်လည်း အပြင်အဆင် အထုပ်အပိုးမရှိ။ ပြောရလျှင် ဗလာဟင်းလင်းကြီးပင်။ ရိုးရိုးကြီး ပင်၊ စားသောက်ကုန်ဈေးကွက်တွင် တရုတ်အစားအစာ၊ တရုတ်မုန့်စုံတို့သည် ယခုအခါ လွှမ်းမိုးနေသည်။ အချို့မုန့် များမှာ ဘာမှအရသာမရှိ။ ပြောမပြတတ်အောင်ပင် မြန်မာ့အာဟာရ၊ အစားအသောက်နှင့် ဖီလာဆန့်ကျင်နေသည်။ေ ဘးထွက်ဆိုး ကျိုးကို မမျှော်မှန်းဝင့်၊ သက်တမ်းရက်စွဲမပါ။ ဖောက်စားမှတွေ့မြင်ရသော မုန့်အခြေအနေကြောင့် တရုတ်မုန့်တွေကို ကလေး တွေ ကြောက်လာသည်။    ဝယ်ဖူး စားဖူး ပါသည်။ မကြိုက်ပါဆိုသော် လည်း မြင်လျှင်လိုချင်အောင်လုပ်ထား၍ မြန်မာ့မုန့် လောကတွင် ခေါင်းထောင်နေသည်။

ဌေးမြင့်မောင်