Main menu

Background

လက်ရှိ ခရမ်းချဉ်သီးဈေးနှုန်းများ အိန္ဒိယအစိုးရအတွက် အခက်အခဲဖြစ်လာ

Fri, 06/24/2022 - 10:44 -- journal_editor

အိန္ဒိယနိုင်ငံတွင်ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားများအတွက် များစွာစိတ်ပျက် ဖွယ်ရာ ဖြစ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည် အိန္ဒိယနိုင်ငံအစိုးရအတွက် အကောင်းဆုံး အနေအထားဆီသို့ ဦးတည်ခေါ်ဆောင်ပေးနိုင်သည့် သမိုင်းအစဉ်အလာရှိခဲ့သောကြောင့်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပျမ်းမျှခရမ်းချဉ်သီး လက်လီဈေးနှုန်းသည် ပြီးခဲ့သောလမှ စတင်၍ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ခရမ်းချဉ်သီးအပါအဝင် စားသောက်ကုန်ဈေးနှုန်းများ  မြင့်တက်လာခြင်းသည် နိုင်ငံရေးသက်ရောက်မှုတစ်ခု  ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော်လက်ရှိအာဏာရ Bharatiya Janata Party သည်  ဝန်ကြီးချုပ် Narendra Modi၏  ဇာတိဖြစ်သည့် ွကြမေအေပြည်နယ်တွင် မဲထည့်မည့်သူများနှင့်နှစ်ကုန်ပိုင်း၌ တွေ့ဆုံရန် စီစဉ်လျက်ရှိပြီး အဆိုပါ ကမ်ပိန်းသည် ၂၀၂၄ ခုနှစ် တတိယအကြိမ် ပြန်လည် ‌ရွေးကောက်ပွဲဝင်ရန်အတွက်  မဲဆွယ်စည်းရုံးမှုဖြစ်လာ မည်ဖြစ်သည်။Narendra Modi ၏ ၂၀၁၈ခုနှစ်  ရွေးကောက်ပွဲကမ်ပိန်းတွင် လယ်သမားများသည် ၎င်း၏TOPဦးစားပေးဖြစ်သည်ဟု  အထင်ကရ ပြောကြားခဲ့ဖူးသည်။TOPဆိုသည်မှာ T- ခရမ်းချဉ် သီး၊ O - ကြက်သွန်နှင့် P- အာလူးတို့ဖြစ်သည်။သို့ရာတွင်လက်ရှိ၌ ခရမ်းချဉ်သီးများ ပြတ်လပ်လျက်ရှိသည်။ မွန်ဘိုင်းရှိ ဟင်းသီးဟင်းရွက်ဈေးသည်တစ်ဦးမှ မိမိအနေဖြင့် ခရမ်း ချဉ်သီးများကို တစ်ကီလိုလျှင် ၁ ဒသမ ဝ၃ ဒေါ်လာခန့်ဖြင့် ရောင်းချလျက်ရှိရာ လွန်ခဲ့သော နှစ်လကထက်၆၅ ဆင့်ဈေးတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံ၏ အချို့နေရာများတွင် ရာသီဥတုပူပြင်းမှုကြောင့် သရက်သီးဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ လူကြိုက်များ သည့် ံမေသရက်သီးမျိုး၏ဈေးနှုန်းများသည်လည်း West Bengal၏ မြို့တော်Kolkata တွင် မနှစ်က  ၆၅ ဆင့်ရှိခဲ့ရာမှ နှစ်ဆခန့်မြင့်တက်ခဲ့သည်။ ပြီးခဲ့သော ရက်သတ္တပတ်များတွင် အပူလှိုင်းဖြစ်ပေါ်ခဲ့မှုကြောင့် သရက်သီးထုတ်လုပ်မှုသည်  ပြည်နယ်၏အချို့ နေရာများတွင် ၄၀ရာခိုင်နှုန်းခန့်   ရုတ်တရက်ကျဆင်းခဲ့ကြောင်းသိရှိရသည်။
ource: arkansasonline.com
PZCTH