Main menu

Background

ဇူလိုင်လအတွင်း ရော်ဘာတန်ချိန် တစ်သောင်းသုံးထောင်နီးပါးတင်ပို့

Tue, 08/30/2022 - 16:53 -- journal_editor

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုလမ်းကြောင်းမှ ရော်ဘာတန်ချိန် ၆၆၀ ကျော် စုစု ပေါင်း ရော်ဘာတင်ပို့မှု တန်ချိန် ၂၀၃၀ ကျော်  တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃၅ သန်းကျော် ရရှိခဲ့ သည်။ ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်မှုမှ  စုစုပေါင်း ရော်ဘာတင်ပို့မှု တန်ချိန် ၁၂၈၇၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၈၈ သန်း ရရှိကြောင်း သိရသည်။                                   

  အေးအေးသန့်  (DOT)