Main menu

Background

သြဂုတ်လအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့

Thu, 09/22/2022 - 14:17 -- journal_editor

သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၉၀ဝ၀ ကျော်တင်ပို့ပြီး  တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆၁၈ သန်းခန့် ရရှိခဲ့ ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသို့ ဆန်တန်ချိန် ၁၆၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၂၉၀ဝကျော် တင်ပို့နိုင်ခဲ့သည်။ နိုင်ငံအလိုက် ဆန်တင်ပို့မှု များမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၂၀ကျော်၊ အီတလီ နိုင်ငံသို့ ဆန်တန်ချိန်၂၃၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၂၇၀ ကျော်၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၂၃၀ကျော်၊ ရိုမေး နီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀ဝ၊ စလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၂၀၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန်တန်ချိန် ၁၀ဝ၀၊ ဂျာမနီနိုင်ငံနှင့် စလိုဗက်ကီးယားသမ္မတနိုင်ငံသို့ ဆန် တန်ချိန် ၅၀ဝစီ၊ ခရိုအေးရှားနိုင်ငံနှင့် ပြင်သစ်နိုင်ငံသို့ ဆန် တန်ချိန် ၃၀ဝစီ၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ လစ်ဗျား နိုင်ငံသို့ ဆန်တန်ချိန် ၂၇၅ နှင့် အက်စတိုးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ တင်ပို့ကြောင်းသိရသည်။အာရှနိုင်ငံများဖြစ် သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၇၈၈၀၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၄၀ ကျော်၊ ဖိလစ်ပိုင် နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ဝ၊ သိရီလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၃၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၉၀ တင်ပို့ခဲ့သည်။
သြဂုတ်လအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၂၄၇၀ ခန့်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉၃ သန်း ရရှိခဲ့ကြောင်း သိရသည်။ တင်ပို့မှုများမှာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုမှ ၁၂၀၅၀ နီးပါး၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၄၂၀ ခန့် တင်ပို့နိုင်ခဲ့သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်းဆန်တင်ပို့မှု တန်ချိန် ၄၁၄၇၀ နှင့် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၆ ဒသမ ၂၁၁ သန်းရရှိ ကြောင်း သိရသည်။
သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၃၁၉၄၀ ကျော် တင်ပို့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅၂၆ သန်း ရရှိခဲ့ကြောင်း သိရသည်။တင်ပို့မှုများ အနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၇၉၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊ ချက် သမ္မတနိုင်ငံသို့ ဆန်ကွဲ၁၅တန် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၈၉၀ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်ကွဲတန် ချိန် ၅၂၀ နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၃၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း နယ်စပ်ကုန် သွယ်မှုမှ ဆန်ကွဲတန်ချိန် ၃၀၆၇၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၁၉ သန်း ရရှိကြောင်း သိရ သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၉၄၈၀ ကျော်နှင့်  ထိုင်းနိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၁၁၉၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ပင်လယ်ရေကြောင်း ကုန် သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုမှ  စုစုပေါင်း ဆန်ကွဲတန်ချိန် ၆၂၆၁၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၄၅ သန်း ရရှိကြောင်း သိရသည်။သြဂုတ်လတွင်  ဆန်နှင့်ဆန်ကွဲ တင်ပို့မှု  စုစုပေါင်း တန်ချိန် ၁၀၄၀၈၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ဝ၅၆ သန်း ရရှိကြောင်း စာရင်းများအရ သိရှိရသည်။
အေးအေးသန့်