Main menu

Background

ရေနံချောင်း ကြက်သွန်နီ အရောင်းအဝယ်အေး

Thu, 09/22/2022 - 15:15 -- journal_editor

ကြက်သွန်နီ ဈေးကောင်းရသော်လည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးနေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ကြက်သွန်နီဈေးကွက်မှ သိရသည်။ ''လက်ရှိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀ဝ၀ ပေါက်ဈေး ရှိတယ်။ ကြက်သွန် သေး အနုတ် တစ်ပိဿာ ကျပ် ၁၅၀ဝ ရောင်းချကြတယ်။ အရောင်းအဝယ်တော့ ကြက်သွန်နီ ဈေးမြင့်တက်နေတော့ လက်လီ အဝယ်အေးတယ်}''ဟု ရေနံချောင်း မြို့မဈေး ကြက်သွန်နီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
တောင်သူများသည် ကြက်သွန်နီ ယခင်နှစ်ကာလတူထက် လက်ရှိ ဈေးပိုကောင်းကြောင်း ရေနံချောင်းမြို့နယ် သုံးဆယ့် ခြောက်ကျေးရွာအုပ်စုနေ တောင်သူတစ်ဦးက ပြောသည်။ ရေနံချောင်းမြို့နယ်၌ ကြက်သွန်နီကို အဓိကစိုက်ပျိုးကြပြီး စိုက်ဧက သုံးထောင်ကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရသည်။                                 
ဆန်းညွန့်(ရေနံချောင်း)