Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၂ မြို့နယ်တွင် နွေစပါးများထွက်ရှိပြီ

Fri, 04/01/2016 - 10:56 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်  ၁၂ မြို့နယ်တွင် နွေစပါးများ ဈေးကွက်သို့   စတင်ဝင်ရောက်လျက် ရှိကြောင်း၊  စပါးဈေးနှုန်းမှာ ၄၆ ပေါင် တင်း ၁၀၀ ကို  ပုသိမ်ဈေး  ၅၀၆၀၀၀ ကျပ်၊ ကန်ကြီးထောင့် ၅၅၂၀၀၀  ကျပ်၊ မြောင်းမြ ၅၄၂၀၀၀ ကျပ်၊   အိမ်မဲ ၅၁၄၀၀၀ ကျပ်၊ မအူပင် ၅၁၅၀၀၀ ကျပ်၊ ပန်းတနော် ၅၂၄၀၀၀ ကျပ်၊ ညောင် တုန်း ၅၃၄၀၀၀ ကျပ်၊ ဓနုဖြူ  ၅၃၄၀၀၀ ကျပ်၊ ဖျာပုံ ၄၆၀၀၀၀ ကျပ်၊  ဘိုကလေး ၄၇၈၀၀၀ ကျပ်၊ ကျိုက်လတ် ၄၆၀၀၀၀ ကျပ်ဈေးနဲ့ ဒေးဒရဲမြို့နယ်တွင် ၄၆၉၀၀၀ ကျပ်ဈေးဖြင့်   ရောင်းဝယ်လျက်ရှိ ကြောင်း ဈေးကွက်မှ သိရပါတယ်။
နွေစပါးများဈေးကွက်သို့ စတင် ဝင်ရောက်စဉ်  အချို့မြို့နယ်များတွင် ဆန်ဈေးအနည်းငယ်ကျဆင်း၍ အချို့ မြို့နယ်များတွင်   ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊   နွေစပါးအထွက် မလှိုင်သေးချိန်    စပါးဝယ်ယူလိုတဲ့ စက်ပိုင်၊ ကုန်သည်၊   ပွဲစားတချို့မှာ နွေ စပါးများကို     လိုက်လံဝယ်ယူသည့် အတွက် ဈေးနှုန်းမှာလည်း တစ်မြို့နယ် နဲ့ တစ်မြို့နယ် ကွာခြားလျက်ရှိကြောင်း၊ ၎င်းင်းအပြင် မြို့နယ်အလိုက် ဈေးနှုန်းကွာ ခြားရခြင်းမှာ စပါးအရည်အသွေးနဲ့ ဈေးကွက်  အရောင်းအဝယ်သွက်တဲ့ အပေါ်မှာမူတည်ပြီး မြို့နယ်စုံ နွေစပါး မပေါ်သေးတဲ့အတွက်လည်း   ဈေးနှုန်း မတည်ငြိမ်နိုင်သေးကြောင်း ဆန်စပါး အသိုင်းအဝိုင်းမှ သိရပါတယ်။
မင်းမင်းဦး-ပုသိမ်