Main menu

Background

ရေကြောင်းမှ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့

Fri, 06/01/2018 - 11:21 -- journal_editor

မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၀၃ သန်း တန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ကောက်ညှင်းဆန် ၂၇၁၀၉ တန် တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ  ဧည့်မထဆန် ၂၀၅၈၇ တန်ကျော်နဲ့ ကောက်ညှင်း ဆန် ၁၆ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၄၀၆ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် ၅၈၂၇ တန်ကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။  ယခင်တစ် ပတ်က  မြန်မာ-တရုတ် နယ်စပ်မှ  တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ယခုတစ်ပတ် မှာ ၁၆၄၃၉ တန်လျော့ကျခဲ့ကြောင်း သိရ ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန် ၂၇၃တန်ခန့်တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်က  တန်ချိန် ၃၈၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် တင်ပို့မှု ၁၀၇ တန်လျော့ကျခဲ့ကြောင်း သိရပါတယ်။

ယခုတစ်ပတ်   မူဆယ်နဲ့လွယ်ဂျယ်မှ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၇၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၃၇၃၃ တန် ကျော်ကို မူဆယ် မှ ၃၂၈၂ တန်နဲ့ လွယ်ဂျယ်မှ ၄၅၁ တန်တင် ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အဆိုပါစခန်းနှစ်ခုမှ ဆန်ကွဲ ၄၃၈၇ တန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၆၅၄ တန် တင်ပို့မှုလျော့ကျခဲ့ကြောင်း သိရပါတယ်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၇ သန်းတန်ဖိုးရှိ   ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ ပေါင်းဆန် ၁၂၅၄၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အိုင်ဗရီ ကို့စ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၅၀၀၀၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၄၀၉၅ တန်၊ ပေါင်းဆန် ၁၃၇၇ တန်နဲ့ ငစိန်ဆန် ၉၂၅ တန်တင်ပို့ ပြီး ရုရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံ များကိုလည်း တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ်က တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၉၃၅၆ တန်ပိုမိုတင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

ယခုတစ်ပတ်ရေကြောင်းမှ   အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ   ဆန်ကွဲတန်ချိန် ၁၄၂၅၀ ကို စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အီးယူနိုင်ငံများသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က  ဆန်ကွဲ ၆၈၅၃ တန်တင်ပို့ခဲ့တဲ့ အတွက်  ယခုတစ်ပတ်မှာ ၇၃၉၇ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ယခုတစ်ပတ် ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ လျော့ကျပြီး ပင်လယ်ရေကြောင်းမှ ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။              

ယဉ်ယဉ်အေး