Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့၌ စပါးဈေးအနည်းငယ်မြင့်တက်

Fri, 06/01/2018 - 12:22 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်နှင့်ငပုတောမြို့နယ်တို့တွင်  နွေစပါးအဝယ်လိုက်၍ယခင် တစ်ပတ်  ဧည့်ထမနွေစပါး ၄၆ ပေါင် တင်း ၁၀၀ ကိုကျပ် ၄၉၆၀၀၀-၄၉၉၀၀၀ မှ ယခုကျပ် ၅၀၁၀၀၀ - ၅၀၅၀၀၀ ဖြစ်သွား ပြီးစပါးတင်း ၁၀၀ ကိုကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်းမြင့်တက်သွားခဲ့ပါတယ်။  မိုးစပါးဆန်အရောင်းအဝယ် သွက်လာ သော မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်များတွင် ယခင်မိုးဧည့်မထ စပါး ၄၆ ပေါင်တင်း ၁၀၀ ကိုကျပ် ၆၀၇၀၀၀ မှ ယခုစပါး ဈေးနှုန်း ကျပ် ၆၃၀၀၀၀ ဖြစ်သွား၍ စပါးတင်း ၁၀၀ ကို ကျပ် ၂၀၀၀၀ ဝန်းကျင်ဈေးနှုန်းမြင့်တက်ခဲ့ပြီး  မိုးဆန်တစ်အိတ်ကို ယခင် ကျပ် ၂၆၅၀၀ မှ ယခု  ကျပ် ၂၇၅၀၀ ဖြစ်သွားသောကြောင့် ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ ခန့်ဈေးနှုန်းမြင့်တက်မှုရှိ ကြောင်းဈေးကွက်သတင်းများမှ သိရသည်။ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်သွက်လျက်ရှိသော  မြို့နယ်များတွင် နွေ၊မိုးစပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများ ပြောင်းလဲမှုရှိသော်လည်း ကျန်မြို့နယ်များတွင် စပါး၊ ဆန်ဈေးနှုန်း တည်ငြိမ်ပြီး ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်သတင်းများမှသိရသည်။                          

မင်းမင်းဦး(ပုသိမ်)