Main menu

Background

ဆန်အဝင်ပါးပြီး အရောင်းအဝယ်ငြိမ်နေ

Fri, 06/01/2018 - 12:24 -- journal_editor

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေး ကွက်မှာ ဆန်အဝင်ပါးပြီး အရောင်း အဝယ်မသွက်တဲ့အတွက် ဆန်ဈေးနှုန်း လည်း အတက်အကျသိပ်မရှိကြောင်း၊ ပုံမှန်ဈေးနှုန်းအတိုင်းသာရှိကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ်၃၈၀၀၀နဲ့ လတ်စ တစ်အိတ်ကျပ်၃၅၅၀၀၊ပုသိမ်၊မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်  ကျပ် ၄၆၀၀၀နဲ့   လတ်စတစ်အိတ်  ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ် အိတ်ကျပ် ၃၆၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊   ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကျပ် ၅၃၀၀၀ မှ ကျပ်၅၅၀၀၀၊ ကျားပျံပေါ်ဆန်းဆန်    တစ်အိတ်ကျပ် ၄၀၀၀၀မှ ကျပ် ၄၂၀၀၀၊ နယ်စုံပေါ် ဆန်းဆန် တစ်အိတ်ကျပ် ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀ ရှိပြီး မြောင်းမြပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို ကျပ်၄၂၀၀၀ မှ ကျပ် ၄၅၀၀၀ ရှိပါတယ်။ ကုန်စည်ဒိုင် ကို ဆန်အဝင်နည်းပြီး  အရောင်းပါးတဲ့ အတွက် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှု မရှိကြောင်းသိရပါတယ်။ ကုန်စည်ဒိုင် ရဲ့ဆန်လက်ကားဈေးအရ ဧည့်မထဆန် တစ်အိတ်ကျပ် ၁၉၃၀၀ မှ  ၁၉၆၀၀ ၊ အကြမ်းရှယ်  တစ်အိတ် ကျပ် ၂၁၅၀၀မှ ၂၁၈၀၀၊ ရက် ၉၀   တစ်အိတ်  ကျပ် ၂၂၀၀၀မှ  ၂၂၃၀၀ ရှိပြီး  တစ်အိတ်ကို ကျပ် ၃၀၀ မှ ၁၀၀၀ အထိ  ဈေးကျ ကြောင်း သိရပါတယ်။မိုးသုခတစ်အိတ်လျှင်   ကျပ် ၂၄၅၀၀ မှ ၂၆၀၀၀၊ သီးထပ်ရှယ်  တစ် အိတ်ကျပ်၂၁၅၀၀မှ၂၁၈၀၀ရှိပြီးယခင် တစ်ပတ်ဈေးအတိုင်းဈေးငြိမ်နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် လည်း ဆန် ချော ရောဆန်ကြမ်းပါ ဆန်အဝင်နည်း တယ်လို့  ကုန်စည်ဒိုင်မှ  သတင်းရရှိ ပါတယ်။

ယဉ်ယဉ်အေး