Main menu

Background

ယခင်တစ်ပတ်ထက် ဆန်တင်ပို့မှုလျော့ကျ

Fri, 06/29/2018 - 12:40 -- journal_editor

ဇွန် ၉ရက်မှ၁၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၀ သန်း တန်ဖိုး ရှိ   ဆန် ၁၄၄၁၆ တန်ကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှတင်ပို့မှုများမှာ    မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန်၁၃၄၉၈တန်ကျော်နဲ့ကောက် ညှင်းဆန် ၄၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၈၃ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၆၅၆ တန်တင်ပို့ခဲ့ပါတယ်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ကုန်သွယ်ရေးစခန်းများမှဆန်   ၁၉၀၈၅ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၆၆၉ တန်တင်ပို့မှုလျော့ ကျခဲ့တာတွေ့ရပါတယ်။

ယခုတစ်ပတ်   မူဆယ်နဲ့လွယ်ဂျယ်မှ   အမေရိကန် ဒေါ်လာ သုည ဒသမ ၆၂၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၉၅၇ တန် ကျော်တင်ပို့ခဲ့ရာ   မူဆယ်မှ ဆန်ကွဲ ၁၈၄၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၁၁၄ တန်တင်ပို့ခဲ့ပါတယ်။   ယခင်တစ်ပတ်က ထိုစခန်းနှစ်ခုမှ ဆန်ကွဲ ၂၄၄၆ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၄၈၉ တန်တင်ပို့မှု လျော့ကျခဲ့တာ  တွေ့ရပါ တယ်။ ယခုတစ်ပတ်မှာ  နယ်စပ်မှ ဆန်ရောဆန်ကွဲပါ  အပို့ လျော့ကျခဲ့ပါတယ်။ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ  ၁ ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ဧည့်မထဆန်၊  ငစိန်နဲ့ ပေါင်းဆန် ၂၆၇၅ တန် ကျော် တင်ပို့ ခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၅၀၊ တရုတ်နိုင်ငံသို့ ငစိန်ဆန် ၁၀၆ တန်၊ စင်ကာပူနိုင်ငံသို့ ငစိန်ဆန် တန်ချိန် ၅၀နဲ့ အီးယူနိုင်ငံများသို့   ပေါင်းဆန်နဲ့ ဧည့်မထဆန် ၂၂၆၉ တန် တင်ပို့ခဲ့ပါတယ်။ ရေကြောင်းမှယခင် တစ်ပတ်က   ဆန်တန်ချိန် ၁၂၄၀၉ တန်  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၃၄တန် တင်ပို့မှုလျော့ကျခဲ့ပါတယ်။

ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှုလည်း  လျော့ကျခဲ့ပါ တယ်။ အမေရိကန်ဒေါ်လာ  ၂ ဒသမ ၇၃၃သန်းတန်ဖိုးရှိ ဆန်ကွဲ  ၉၁၆၅ တန်ကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကနေဒါ နိုင်ငံနဲ့ အီးယူနိုင်ငံများသို့  တင်ပို့ခဲ့ပါတယ်။   ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၄၁၉၀ အပို့လျော့ကျခဲ့တယ် လို့သိရပါတယ်။

ယခုတစ်ပတ် ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ  ကုန်သွယ်ရေး စခန်းများရော ပင်လယ်ရေကြောင်းမှပါ တင်ပို့မှု  လျော့ကျခဲ့ တာ တွေ့ရပါတယ်။ ဇွန်လအတွင်း ဆန်တင်ပို့မှုမှာ  ရာသီဥတု အခြေအနေကြောင့် ဇွန်ပထမပတ်ရော ဒုတိယပတ်ပါ လျော့ ကျခဲ့ကြောင်းသိရှိရပါတယ်။

ယဉ်ယဉ်အေး