Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ မိုးဧည့်မထစပါး၊ဆန်နှင့်နွေသီးထပ်စပါး၊ဆန်ဈေးနှုန်းများ ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်

Fri, 06/29/2018 - 12:41 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်လေးခရိုင်ရှိ မြို့နယ်အများစုတွင် မိုးဧည့်မထ စပါး၊ဆန်ဈေးနှင့် နွေသီး ထပ်ရင်စပါး ၊ဆန်ဈေးနှုန်းများ   ယခင်တစ်ပတ်ထက်  အနည်းငယ်မြင့်တက်လျက်ရှိရာ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ပျမ်းမျှဈေး ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ - ၆၀၀၀၀၀ ဈေးမှ  ကျပ် ၅၉၀၀၀၀ - ၆၁၀၀၀၀ - ၆၂၀၀၀၀ မြင့်တက်၍ ဆန်ဈေးမှာ  ယခင်တစ်အိတ်ကို ကျပ် ၂၄၅၀၀ - ၂၅၀၀၀ မှ ကျပ် ၂၅၀၀၀ - ၂၆၀၀၀ ဖြစ်သွားကြောင်း၊ နွေသီးထပ်ရင်စပါး ၄၆ပေါင်တင်း ၁၀၀ ကို ပျမ်းမျှဈေးကျပ် ၅၅၀၀၀၀ - ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ မြင့်တက်၍  နွေဆန်တစ် အိတ်ကို ကျပ် ၂၂၅၀၀ - ၂၃၀၀၀ မှ ကျပ် ၂၃၅၀၀ - ၂၄၀၀၀ နဲ့ဆန်တစ်အိတ်ကို  ကျပ် ၁၀၀၀ ဝန်းကျင် မြင့်တက်သွား ကြောင်း ဆန်စပါးဈေးကွက်သတင်းများမှ သိရသည်။ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်များရှိ မြို့နယ်အချို့တွင် စပါး၊ဆန်ဈေးနှုန်းမြင့်တက် ရခြင်းမှာ စပါးလက်ကျန်နည်းလာခြင်း၊ ရန်ကုန်ဈေးကွက်အဝယ်လိုက်၍ ဒေသတွင်းဝယ်ယူမှု အရောင်းအဝယ် သွက်သည့်အပေါ် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှသိရသည်။

မင်းမင်းဦး(ပုသိမ်)