Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်ထောင့်ကိုးရာကျော်တင်ပို့

Thu, 04/29/2021 - 14:29 -- journal_editor

         ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်မှ ၂၃ ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၀၄၇သန်း ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၂၈၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါသည်။

          မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၁၀၀ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ၄၃၆သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာသုညဒသမ၆၃၉သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၈၄၀ ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၀၀ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၅၀၀ခန့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၉၅၀ခန့် နှင့်မြန်မာ-ထိုင်းနယ်စပ် မြဝတီ ကုန်သွယ်ရေးဇုန်မှဆန်ကွဲတန်ချိန် ၂၈၀ကျော် တင်ပို့နိုင်ခဲ့ပါသည်။ ယခင် တစ်ပတ်ထက် ဆန်ကွဲ တန်ချိန် ၅၈၀ခန့်ပိုမိုတင်ပို့ခဲ့ကြောင်းသိ ရသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၉၅၀ကျော် တင်ပို့ခဲ့ပါ သည်။                                                                                                  

  အေးအေးသန့်