Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းတစ်ထောင်ကိုးရာခန့်တင်ပို့

Thu, 05/20/2021 - 14:20 -- journal_editor

         ၂၀၂၁ခုနှစ်၊ မေလ၈ ရက်မှ၁၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၉၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၁၀၀ကျော် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၀ ခန့်၊  စုစုပေါင်း တန်ချိန် ၃၀၈၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာတစ်ဒသမ ၂၁၀သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၂၄၀/ခန့် လျော့နည်း တင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ် မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၁၆၀/ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၂၁ သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၂ ဒသမ၄၇၈သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၈၈၀၀/ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၇၁၅၀/ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၁၂၂၀/ခန့်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၄၃၀/ခန့် တင်ပို့နိုင်ခဲ့ပါသည်။ ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲ တန်ချိန် ၅၃၉၀/ကျော် လျော့နည်းခဲ့ပါသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၉၀၀/ခန့်သာ တင်ပို့ခဲ့ပါ သည်။                                                                                         

     အေးအေးသန့်