Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရောင်းဝယ်လျက်ရှိသော စပါး/ ဆန် ဈေးကွက်

Tue, 08/30/2022 - 16:16 -- journal_editor

ဧရာဝတီတိုင်း ဒေသကြီးအတွင်း  သြဂုတ်လ ပထမပတ်တွင် ရောင်းဝယ် လျက်ရှိသည့် စပါး၊ ဆန် ဈေးနှုန်းများ မှာ ပုသိမ်ဈေးကွက်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၃၁၉၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၅၅၀ဝ၀၊ အလတ်စ ဧည့်မထမိုးစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၁၀ဝ၀ဝ၊  ဆန်တစ်အိတ် ကျပ် ၃၄၀ဝ၀ နှင့်   နွေစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၀၂၀ဝ၀၊ ဆန် တစ်အိတ် ကျပ်  ၃၃၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး   သြဂုတ်လဒုတိယပတ်တွင် ပေါ်ဆန်းစပါး တင်း ၁၀ဝ ကို  ကျပ် ၂၀ဝ၀ဝ ဝန်းကျင်နှင့် ဆန်တစ်အိတ်ကို  ကျပ် ၁၅၀ဝ ခန့် ဈေး နှုန်းမြင့်တက်လျက်ရှိကြောင်း  ဆန်စပါး ဈေးကွက်မှ သိရသည်။ဟင်္သာတခရိုင် ဟင်္သာတမြို့နှင့် ခရိုင်အတွင်းရှိ  မြို့နယ်များတွင် လူ အများ   စားသုံးမှုရှိသော  အလတ်စ မိုးဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၈၅၅၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၃၃၀ဝ၀ - ၃၄၀ဝ၀ အတွင်းနှင့် နွေစပါး တင်း ၁၀ဝ လျှင် ကျပ် ၈၂၀ဝ၀ဝ၊ ဆန်တစ် အိတ် ကျပ် ၃၀ဝ၀ဝ - ၃၁၀ဝ၀ တို့ဖြင့်   ရောင်းဝယ်လျက်ရှိသည်။   သြဂုတ်လ  ဒုတိယပတ်တွင် စပါးဈေးနှုန်း အနည်း ငယ်မြင့်တက်၍ ဆန်တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ ခန့် မြင့်တက်မှုရှိကြောင်း သိရသည်။

မြောင်းမြခရိုင် မြောင်းမြမြို့နှင့် ခရိုင်အတွင်းမြို့နယ်များတွင် ပေါ်ဆန်း စပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဝန်းကျင်၊  ဆန်တစ်အိတ် လျှင် ကျပ် ၅၄၀ဝ၀၊  အလတ်စမိုးဧည့် မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၂၉၀ဝ၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၃၂၀ဝ၀-၃၂၅၀ဝ နှင့် နွေစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၈၉၂၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၃၁၀ဝ၀ - ၃၁၅၀ဝ တို့ဖြင့်  အရောင်းအဝယ်   ဖြစ်နေပြီး သြဂုတ်လ  ဒုတိယပတ်တွင်  စပါးဈေး သောင်းဂဏန်းဝန်းကျင်နှင့် ဆန် တစ် အိတ် ကျပ် ၂၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက် မှုရှိကြောင်း သိရသည်။မအူပင်ခရိုင် မအူပင်မြို့နှင့် ခရိုင် အတွင်း ပေါ်ဆန်စပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၆၀ဝ၀ဝ၊ ဆန်တစ် အိတ် ကျပ် ၅၄၀ဝ၀၊ မိုးဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ ကျပ် ၈၇၇၀ဝ၀၊ ဆန် တစ်အိတ် ကျပ် ၃၄၀ဝ၀ နှင့် နွေ ဧည့်မထစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၈၆၇၀ဝ၀၊ ဆန်တစ်အိတ် ကျပ် ၃၃၀ဝ၀ နှင့်   ဈေးကွက်အတွင်း  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းမှာ စပါးဈေး သောင်းဂဏန်းနှင့် ဆန်တစ် အိတ် ကျပ် ၂၀ဝ၀ ခန့်   ဈေးနှုန်းမြင့် တက်မှုရှိကြောင်း သိရသည်။

ဖျာပုံခရိုင်နှင့် ခရိုင်အတွင်းမြို့နယ် များတွင် ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၆၅၀ဝ၀ ဝန်းကျင်၊ ဆန်တစ်အိတ် ကျပ် ၅၅၀ဝ၀ ခန့်မှ ယခု စပါးတင်း ၁၀ဝ ကျပ် ၁၂၈၄၀ဝ၀ ၊ဆန် တစ်အိတ် ကျပ် ၅၇၀ဝ၀ ဖြစ်သွားသည့် အတွက် စပါးတင်း ၁၀ဝ လျှင်  ကျပ် ၂၀ဝ၀ဝ ခန့်နှင့် ဆန်တစ်အိတ် ကျပ် ၂၀ဝ၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်နေသည်။

ဧရာဝတီတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စပါးထွက်မှု မှာ ၂၀၂၂ ခုနှစ်    ဇူလိုင်လအတွင်း ရန်ကုန်မြို့သို့ ကားလမ်းနှင့် ရေလမ်းမှ အိတ်ရေ ၁၀၂၂၆၇၂ အိတ်၊ မကွေးတိုင်း ဒေသကြီးသို့ ရေလမ်းမှ အိတ်ရေ ၃၇၃၀ဝ အိတ်နှင့်  တနင်္သာရီတိုင်းဒေသကြီးသို့ ရေလမ်းမှ  အိတ်ရေ  ၃၁၀ဝ၀  အိတ် စုစုပေါင်းအိတ်ရေ ၁၀၉၀၉၇၃ အိတ် တင်ပို့နိုင်ခဲ့သည်။ လက်ရှိတိုင်းဒေသ ကြီးအတွင်း  ဆန်၊ စပါးဈေးကွက်မှာ မိုး၊ နွေစပါးလက်ကျန်များ လျော့နည်းလာ ပြီး စက်ပိုင်အချို့ ကုန်သည်ကြီးများနှင့် တောင်သူလယ်သမားများထံတွင်သာ စပါးလက်ကျန်ရှိနေပြီး စပါးလက် ကျန် နည်းပါးနေခြင်း၊ ရန်ကုန်ဝယ်လက် နှင့်   ဒေသတွင်း ဝယ်လိုအားရှိခြင်း၊ စက်ပိုင် နှင့် ကုန်သည်များက စပါးရရှိအောင် ဈေးပေးဝယ်ယူမှုများကြောင့်   စပါး၊  ဆန်ဈေးနှုန်း   အနည်းငယ်  မြင့်တက် လျက်ရှိကြောင်း  သိရသည်။

ဧရာမြေ (ပသ)