Main menu

Background

နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့်မြန်မာ့ဆန်စပါး ညီလာခံ-၂၀၂၂ ကျင်းပ

Wed, 10/12/2022 - 10:26 -- journal_editor

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference -2022)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)၌  အောက်တိုဘာ  ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ရာဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ဖွင့်ပွဲအခမ်းအနား ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဆန်စပါးထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက ဆောင်ရွက်လာသည့် မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ကြောင်း၊ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့် ဆန်၊စပါး စိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍမှာလည်းတိုးတက် ပြောင်းလဲခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီ ဥတု နှင့် ကိုက်ညီပြီး ပြင်ပဈေးကွက်သို့ ပိုမိုအလားအလာရှိသော ဆန်၊ စပါးကဏ္ဍ မြှင့်တင်ခြင်းသည်အချိန်တိုအတွင်း ရလဒ်ပေါ်ပေါက်စေနိုင်သည့် (Quick Win) အစီအစဉ်တစ်ခုလည်း ဖြစ်ကြောင်း နိုင်ငံတော်ကချမှတ်ထား သည့် စီးပွား ရေး ဦးတည်ချက်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက် ရေးဆိုသည့်ဦးတည်ချက်ကိုအကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်မြေအရင်းအမြစ်၊ရေသယံဇာတနှင့် လူသားအရင်းအမြစ်များ ပြည့်စုံစွာရှိပြီးစိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍများ တွင် စနစ်တကျ  စီမံ ဆောင်ရွက် နိုင်လျှင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်း၊  ယနေ့ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှု၊နိုင်ငံရေး  တင်းမာမှုများကြောင့် စားနပ်ရိက္ခာဖူလုံမှုအပေါ်မှာ စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက် ရှိနေ ကြောင်း၊ ကမ္ဘာ့နိုင်ငံအတော်များများကစားနပ်ရိက္ခာဖူလုံရေးအတွက် မူဝါဒမျိုးစုံချမှတ်ကျင့်သုံးနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက် အခွင့်အလမ်းကောင်းများစွာ ပေါ်ပေါက် လျက်ရှိသည်ကို သုံးသပ် တွေ့ရှိရကြောင်း ၊ ၎င်းအခွင့်အလမ်းကောင်းကိုအမိအရ  ရယူပြီး ဆန်၊ စပါးကဏ္ဍကို ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန် စပါး တိုးချဲ့ထုတ် လုပ်ရန်နှင့် ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေးကိုဦးစားပေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အကောင်အထည်ဖော်လျက် ရှိ သော အမျိုးသား ပို့ကုန်မဟာဗျူဟာ၏ ဦးစားပေးပို့ကုန်အမယ်များတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍသည်လည်းပါဝင်ကြောင်း၊ ဆန်၊ စပါးတင်ပို့မှု မြှင့်တင်ရေး မဟာဗျူဟာ၏ မျှော်မှန်းချက်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ဝင်ငွေ တိုးပွားလာစေရေးအတွက်အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်မည့်  ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်ကြောင်း၊ ၎င်းမဟာဗျူဟာရည်မှန်း ချက် အရ မြန်မာ့ န်စပါး ညီလာခံ ၂၀၂၂ကို နိုင်ငံစီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့(Rising with Ricre) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။ယနေ့ကျင်းပသော ညီလာခံ၏ ရည်ရွယ်ချက်မှာ ဆန်စပါးစိုက်ပျိုးထုတ် လုပ်  ရောင်းချ သည့် လုပ်ငန်းတစ်ခုလုံး၏ အခက်အခဲများနှင့် အနာဂတ် ဦးတည်လားရာ များကို လေ့လာသုံးသပ်ပြီး အစိုးရ၊ပုဂ္ဂလိကဆွေးနွေးပွဲ(Public Private Dialogue) ပုံစံဖြင့်ဆောင်ရွက်၍ ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန် မှန်ကန် သောအဖြေ တစ်ခုရရှိရေးဖြစ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင်၏တစ်ဧကအထွက်နှုန်း ကောင်းမွန်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊ မျိုးကောင်းမျိုးသန့် များ ရွေးချယ်စိုက်ပျိုးရေး အကျိုး တူ လယ်ယာ စနစ် (Contract Farming) ဆောင်ရွက်ရေး၊ ခေတ်မီဆန်စက်များ ဖွံ့ဖြိုးရေး၊ ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေး၊ တန်ဖိုးမြှင့်ဖွဲနုဆီ  ထုတ်လုပ်ရေးနှင့် အနာဂတ်ဆန်စပါးကဏ္ဍအကြောင်းများကို အသေးစိတ် ရှင်း လင်း တိုက်တွန်း ပြောကြားသွားသည်။၎င်းညီလာခံကိုအပိုင်းခြောက်ပိုင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အပိုင်း(၁)အနေဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(၁)နှင့်ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၎င်း အပိုင်းတွင် စီးပွားရေး ပညာရှင်ဒေါက်တာဇော်ဦး၊ ညွှန်ကြားရေးမှူးချုပ်( စိုက်ပျိုးရေးဦးစီးဌာန)နှင့်   ညွှန်ကြားရေးမှူးချုပ် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)တို့က ဦးဆောင်ဆွေးနွေးခဲ့သည်။အပိုင်း(၂)အနေဖြင့် ဆန်စပါး စိုက် ပျိုး ထုတ်လုပ်မှု  ဖွံ့ဖြိုး တိုးတက်ရေးအစီ အစဉ်(၂)နှင့်ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ၎င်းအပိုင်းတွင် စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၊ ဦးခင်မြင့်(ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ် လုပ်သူများအသင်း)၊ ဦးစိုး လင်းထွန်း  (မျိုးစေ့ ထုတ် လုပ်သည့်ကုမ္ပဏီများ ကိုယ်စား လှယ်)၊ ဦးဌေးရှိန် (မန်နေဂျင်းဒါရိုက်တာ၊ မုန်းသီတာမျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီ)၊ ဦးသော်တာ  (အတွင်းရေးမှူး၊  မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ် ငန်းရှင်များအသင်း)၊  ဦးလင်းနိုင်စိုးတောင်သူလယ်သမားကိုယ်စားလှယ် ဧရာဝတီတိုင်း)တို့ကဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။အပိုင်း(၃)အနေဖြင့် ဆန်စပါးဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုး မြှင့်တင်ခြင်း လုပ် န်း များ  ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်းသည့် အစီအစဉ်(၁)ဖြစ် ကြောင်း၊ ၎င်းအပိုင်းတွင် ဦးတိုးအောင်မြင့် [အမြဲတမ်း အတွင်းဝန်(ငြိမ်း)  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန]၊ ဦးမျိုးဦး (ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ် မြန်မာနို င်ငံ ဆန်စပါးအသင်းချုပ်)နှင့်  Dr.Larry Wong တို့က ဦးဆောင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။အပိုင်း(၄)အနေဖြင့် ဆန်စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့် တင်ခြင်းလုပ်ငန်းများ  ဖွံ့ဖြိုးတိုး တက်ရေးနှင့်စပ် လျဉ်း သည့်  အစီအစဉ်(၂)ဖြစ် ကြောင်း၊ ၎င်းအပိုင်းတွင် ဦးတိုးအောင်မြင့်၊ ဦးကျော်ဝင်း (ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ ဆန် စက်လုပ်ငန်းရှင်များအသင်း)၊ ဦးသောင်းဝင်း  (ဗဟိုအလုပ်အမှုဆောင်၊ ဆန်စပါး အသင်းချုပ်)၊ ဦးလှဆင့်  [အင်ဂျင်နီ ယာချုပ်(ငြိမ်း) မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး]၊ဒေါက်တာရဲအောင်[ကုန်သွယ်လယ်ယာ(ငြိမ်း)]၊ဦးသန်းဌေး [ကုန်သွယ်လယ်ယာ(ငြိမ်း)]တို့က ဆွေးနွေးခဲ့ကြသည်။ဒုတိယနေ့ အစီအစဉ် အပိုင်း(၅)အနေဖြင့် ဆန်စပါး ကုန်သွယ်မှုနှင့် ပို့ကုန် မြှင့်တင်ရေးကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး  ဦးသန်းအောင်ကျော်(အဖွဲ့ဝင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ဦးမြင့်ချို (ညွှန်ကြားရေးမှူး ချုပ် စားသုံးသူ ရေးရာဦးစီးဌာန)၊ ဒေါ်နော်မူ တာကပေါ (ညွှန်ကြားရေးမှူး ချုပ် မြန်မာ့ကုန်သွယ်ရေး မြှင့်တင်ရေးအဖွဲ့)တို့က ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးကြသည်။အပိုင်း(၆)အနေဖြင့် ဆန်၊ စပါး ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးကဏ္ဍကို ဦးမင်းမင်း (အမြဲတမ်းအတွင်းဝန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)က  ဦးဆောင်ဆွေးနွေးပြီး ဦးနေလင်း  (မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း)၊ ဦးနေထက်အောင် (ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ  လူငယ်ဆန်စပါးလုပ်ငန်းရှင်များ အသင်း)၊ ဒေါ်ခင်စောဦး  (ဥက္ကဋ္ဌ မြန်မာနိုင်ငံဘဏ်များအသင်း)နှင့်  ဦးအောင်စိုး [အမြဲတမ်းအတွင်းဝန်(ငြိမ်း) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန] တို့က ဆွေးနွေးကြသည်။နှစ်ရက်တာ ကျင်းပပြုလုပ်သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ မှ ရရှိလာသည့် ဆွေးနွေးပွဲရလဒ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စုစည်း၍အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ  ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး  စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ပုဂ္ဂလိက ဘဏ်များနှင့် မြန်မာနိုင်ငံဆန်စက်လုပ် ငန်းရှင်များအသင်းတို့မှဥက္ကဋ္ဌများ၊ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ပြည်တွင်း/ပြည်ပ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။ညီလာခံပထမနေ့ ဖွင့်ပွဲအခမ်းအနား အစီအစဉ်အပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ် တမ်းတင်ဓာတ် ပုံ ရိုက်ကြသည်။ ၎င်းနောက် မြန်မာ နိုင်ငံဆန်စပါး အထူးပြုပြခန်းများအတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့်  ဆန်၊ စပါး များနှင့် မြေသြဇာများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။    
ခမ်လျန်စွမ်း