Main menu

Background

ခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော် တင်ပို့

Mon, 11/28/2022 - 14:07 -- journal_editor

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၁၅ ဒသမ ဝ၂၃ သန်း တန်ဖိုးရှိ  ဆန်တန်ချိန် ၃၈၉၅၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၅၂၉၀ နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၆၆၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်အများဆုံးတင်ပို့သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ဆန်တန်ချိန် ၂၁၃၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ဆန်တန်ချိန် ၁၀၂၃၀၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၃၅၅၀ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၀ ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၈၀ ခန့်  တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၂၈၀ ခန့်၊ လစ်သူရေနီးယားနှင့် အင်္ဂလန်နိုင်ငံသို့ ဆန် တန် ချိန် ၅၀ဝ စီ၊ ရိုမေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၄၂၀ ကျော်၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ ၊ ဘူလ်ဂေးရီးယား နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀နှင့်  ခရိုအေးရှားနိုင်ငံသို့ ဆန် တန်ချိန် ၁၀ဝ တင်ပို့ခဲ့သည်။
ယခုတစ်ပတ်  မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၈၆ သန်း တန်ဖိုးရှိ ဆန်တန် ချိန် ၅၅၂၀ တင်ပို့ခဲ့သည်။  ယခင်တစ်ပတ်  ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၆၃၀ဝ ကျော် ပိုမိုတင်ပိုခဲ့သည်။ 
နိုဝင်ဘာ ၅ ရက်မှ ၁၁ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၄၁ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၆၃၀ ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့သော နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁၃၁၃၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅ တန်နှင့် ချက်သမ္မတ နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀ တင်ပို့ခဲ့သည်။
ယခုတစ်ပတ်  နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၃၃ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၆၈၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၅၂၃၀ ခန့်နှင့် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၄၅၀ ကျော်ဖြစ်သည်။ ယခင်တစ်ပတ် ဆန်ကွဲတင်ပို့မှု နှင့် နှိုင်းယှဉ်ပါက ဆန်ကွဲ တန် ချိန် ၈၇၀ဝ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ စုစုပေါင်း တန်ချိန် ၆၃၇၉၀ ကျော် တင်ပို့ခဲ့သည်။                   
      အေးအေးသန့် (DOT)