Main menu

Background

မအူပင် ဆန်စပါးဈေးကွက် အရောင်းအဝယ်သွက်

Fri, 12/09/2022 - 12:40 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ မိုးစပါးများ  ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာ ပထမပတ်တွင် ဒေသပေါက်ဈေး   ဧည့်မထစပါးတင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်သွက်လျက်ရှိသည်။
မအူပင်မြို့နယ်၏ ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံ တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ- ၆၃၀ဝ၀ ဈေး ရှိပြီး ဧည့်မထဆန်များဖြစ်သော  မနောသုခ၊ ဆင်းသုခနှင့်  နှံကားဆန်များမှာ မိုးစပါးဆန် တစ်အိတ်လျှင် ကျပ် ၄၈၈၈၈ နှင့် ကျပ် ၄၈၅၀ဝ ဈေးရှိနေကာ မအူပင်ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။
စပါးသစ်များမှာ ညောင်တုန်းမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များမှ စပါး ဝယ်လိုအားများရရှိနေပြီး ဆန်သစ် တစ်အိတ်လျှင် ကျပ် ၄၄၀ဝ၀ ဖြင့် အရောင်းအဝယ် အနည်းငယ်သာရှိကြောင်း KKK ဆန်ရောင်းဝယ်ရေးမှ ဦးကျော်ကျော်လင်း၏ပြောပြချက်အရ  သိရှိရသည်။ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ဒေသတွင်းစပါးရောင်းဝယ်ဖောက်ကားမှုအခြေအနေ၊မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးနိုင်မှုအခြေအနေ၊ ဆန်စပါးဈေးကွက် အလားအလာများကို ယခုတစ်ပတ်တွင် ကျေးရွာများအရောက်   ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Consumer MT(မအူပင်)