Main menu

Background

မအူပင် ဆန်/စပါးဈေးကွက် အခြေအနေ

Tue, 12/20/2022 - 12:49 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်၊ စိုးမိသားစု၊ ၉၁၂ ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ ဒီဇင်ဘာ ဒုတိယပတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါးတင်း ၁၀ဝ လျှင်  စက်အရောက် ဈေး ကျပ် ၁၂၃၀ဝ၀ဝ၊ ကရင်မစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၂၂၀ဝ၀ဝ၊ နှံကားစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၁၁၀ဝ၀ဝ ဖြင့်  အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သိရှိရသည်။

ဆန်ဈေးအနေဖြင့်၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ ရှိနေပြီး  မအူပင်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရှိရသည်။

ယခုတစ်ပတ်တွင် ရန်ကုန်ဘုရင်နောင်ပွဲရုံမှ ဧည်မထလုံးတီးဆန်များ တစ်အိတ်လျှင် ကျပ် ၃၈၀ဝ၀ ဖြင့် ဝယ်လိုအားရရှိနေကြောင်း စက်ပိုင်ဦးဝင်းဇော်ဦး၏ ပြောပြချက်အရ သိရှိရသည်။

လုံးတီးဆန်များ ကြိတ်ခွဲရောင်းချမှုမှာ အောက်တန်းကိုက်ပြီး ဆန်စက်အထွက် တွက်ခြေကိုက်သဖြင့် ရန်ကုန်ဘုရင့်နောင်ဝယ်လိုအားကို ရသလောက် ကြိတ်ခွဲရောင်းချပေးနေကြောင်းစက်ပိုင်များထံမှ သိရသည်။

 Consumer MT (မအူပင်)