Main menu

Background

အစိုးရချင်း နားလည်မှုစာချွန်လွှာ ( G to G MoU)  အရ  ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှု ၁၇ ရာခိုင်နှုန်းသာကျန်ရှိ

Tue, 01/03/2023 - 11:55 -- journal_editor

အစိုးရချင်း နားလည်မှုစာချွန်လွှာ ( G to G MoU) အရ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။ ဆန်တင်ပို့မှုကို ဆူးလေဆိပ်ကမ်း (SPW)၊ ဆူးလေ ဆိပ်ကမ်း (၁)(SPW -1)၊ ရွှေမဲဆိပ်ကမ်းနှင့် ပုသိမ်တို့မှ တင်ပို့နေခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်အထိ သင်္ဘောတင်ပြီးတန်ချိန်မှာ ၁၆၆၁၇၅ တန်ရှိပြီး တင်ရန်ကျန်ရှိ တန်ချိန်မှာ ၃၃၈၂၅ တန်ဖြစ်သည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းသာတင်ပို့ရန် ကျန်ရှိတော့ကြောင်း သိရသည်။
တင်ပို့ရန် ကျန်တန်ချိန်များကိုလည်း အထက်ဖော်ပြပါ ဆိပ်ကမ်းများမှသာ တင်ပို့သွားမည်ဖြစ်ကြောင်း သင်္ဘောမတင်မီ ဆန်စစ်ဆေးရေးလုပ်ငန်းကို တတိယအဖွဲ့ (3rd Party) အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS)  ပို့ကုန်စစ်ဆေးရေးဌာန မန်နေဂျာ ဦးရာဇာလင်းထံမှ သိရှိရသည်။ 
PADAUK (MITS)