Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော  စပါး၊ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 01/03/2023 - 12:25 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၏  ဆန်ပိုဒေသများဖြစ်သော ကလေးနှင့် ကသာခရိုင်တို့တွင် စပါး၊ ဆန်ဈေးနှုန်းများ ဈေး အေးနေပြီး ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေး အနည်းငယ်ကျနေ ကြောင်းနှင့် မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင်  ဧရာမင်း စပါး/ဆန်ဈေး အနည်းငယ်တက်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ နောက် ဆုံးပတ်တွင်  ဖြစ်ပေါ်နေသော စပါး၊  ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) (ဟောင်း)  ၂၄  ပြည် ပါ တစ်အိတ်လျှင် ကျပ်  ၈၈၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀ဝ၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း  ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ဧရာမင်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀ဝ၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀ဝလျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်) (သစ်)၂၄ ပြည်ပါ  တစ်အိတ်  ကျပ် ၄၃၀ဝ၀၊  ရေဦးမြို့မှ ပေါ်ဆန်း (စပါး) (ဟောင်း)  တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း)  တစ်အိတ်လျှင်  ကျပ် ၈၀ဝ၀ဝ၊  ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၁၄၅၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်)(သစ်) တစ်အိတ်လျှင်ကျပ် ၅၀ဝ၀ဝ၊  ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၅၈၀ဝ၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်း (ဆန်) (သစ်)၂၄ ပြည်ပါ တစ်အိတ်  ကျပ် ၄၀ဝ၀ဝ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧည့်မထ (ဆန်)(ဟောင်း)‌ ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧည့်မထ(ဆန်)(သစ်)‌ ၂၄ ပြည်ပါ  တစ်အိတ် ကျပ် ၃၇၀ဝ၀၊ ငစိန်(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၉၅၀ဝ၀ဝ ၊ ငစိန်(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ် ကျပ် ၄၀ဝ၀ဝ၊ ငစိန်(စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၉၅၀ဝ၀ဝ၊ ငစိန်(ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ် ကျပ်  ၃၅၀ဝ၀၊ ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ၊ ဧရာမင်း(ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ် ကျပ် ၅၅၀ဝ၀၊ ၃၅၀ဝ၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၁၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင်  အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(ဟောင်း)တင်း ၁၀ဝ လျှင် ကျပ် ၉၀ဝ၀ဝ၀၊ မှော်ဘီ(၂)(ဟောင်း) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ၊ မှော်ဘီ(၂)(စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၉၀ဝ၀ဝ၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၈၅၀ဝ၀ဝ၊ ဆင်းဧကရီ-၃ (ဟောင်း) ဆန် ၂၄ ပြည်တစ်အိတ် ကျပ် ၃၆၀ဝ၀၊  ဆင်းဧကရီ (၃)(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၈၅၀ဝ၀ဝ၊ ဆင်းဧကရီ- ၃(သစ်) ဆန် ၂၄ ပြည်တစ်အိတ်  ကျပ် ၃၆၀ဝ၀၊ ဧရာမင်း (စပါး)(ဟောင်း)တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ် ကျပ် ၅၀ဝ၀ဝ၊ ဧရာမင်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ် ကျပ် ၅၀ဝ၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၁၄၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်  ကျပ် ၆၁၀ဝ၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၂၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ် ကျပ် ၄၉၀ဝ၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၃၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်တစ်အိတ် ကျပ် ၆၀ဝ၀ဝ၊ မနောသုခ (စပါး)(ဟောင်း) တင်း ၁၀ဝလျှင် ကျပ် ၁၂၀ဝ၀ဝ၀၊ မနောသုခ(ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၄၀ဝ၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ မနော သုခ(ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကန့်ဘလူခရိုင်  ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀ဝ လျှင် ကျပ် ၁၂၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)(ဟောင်း)၂၄ပြည် တစ်အိတ် ကျပ် ၆၀ဝ၀ဝ၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်)(သစ်)၂၄ပြည် တစ်အိတ် ကျပ် ၄၅၀ဝ၀၊ ပေါ်ဆန်း(စပါး)(ဟောင်း) တင်း ၁၀ဝ လျှင် ကျပ် ၂၂၅၀ဝ၀ဝ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၈၀ဝ၀ဝ၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ  အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၃၁၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်းပြည် နယ်(တောင်ပိုင်း) သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ အိတ်ရေ ၉၀ဝ၀၊ ကချင်သို့ အိတ်ရေ ၃၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၁၆၆၀ဝ၊ တန်အားဖြင့်  ၅၈၃၀ စီး ထွက်ခဲ့သည်။
ယခု ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀ဝ၀၊ မန္တလေးသို့ အိတ် ရေ ၇၈၁၀ဝ၊ မကွေးသို့ အိတ်ရေ ၁၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်းပြည် နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၀ဝ၀၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့  အိတ်ရေ ၉၀ဝ၀၊ ကချင်သို့ အိတ်ရေ ၂၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၄၀၆၀ဝ၊ တန်အားဖြင့် တန် ၇၀၃၀ စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ် ရေ ၂၄၀ဝ၀၊ တန်အားဖြင့် ၁၂၀ဝ ပိုမိုစီးထွက်ခဲ့ကြောင်း သိရှိရသည်။
တင်မာဝေ(မုံရွာ)