Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 02/21/2023 - 16:04 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန်  ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၂ ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ သည်ကို သိရှိရသည်။  ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၇ ဒေါ်လာ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၄၉၀ ဒေါ်လာ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၂ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း  ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၁ ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association တွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း  ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင် နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် ဈေးနှုန်းများနှင့် ပါကစ္စတန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဈေးနှုန်း အနည်းငယ်  ကျဆင်းခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ဆန်ဈေးနှုန်း မြင့်တက်နေခဲ့ကာ အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ် လျက်ရှိသည်ကို သိရှိရသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၁၃၀၆၅၀ ဒသမ ၈၄၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၄ ဒသမ ၁၄၇ သန်း၊ ဆန်ကွဲ တန်ချိန် ၇၀၂၅၀၆ ဒသမ ၅၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၄၃၈ သန်း၊ စုစုပေါင်း  ဆန်နှင့်ဆန်ကွဲ  တင်ပို့နိုင်မှု တန်ချိန်၁၈၃၃၁၅၇ ဒသမ ၃၅၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၇၄ ဒသမ ၅၈၅ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၁၀၇၈၀၈၉ ဒသမ ၈၂၀ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၈၂ ဒသမ ၈၆၈ သန်း၊ ဆန်ကွဲတန်ချိန် ၆၇၅၇၈၂ ဒသမ ၈၃၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၇၂၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၅၃၈၇၂ ဒသမ ၆၅၀ တန်၊ တန်ဖိုး  အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၉၂ ဒသမ ၅၈၉ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၅၂၅၆၁ ဒသမ ဝ၂၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၇၉ သန်း၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၂၆၇၂၃ ဒသမ ၆၈၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၇၁၇ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက် အထိ  (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများ ဆုံး  တင်ပို့ထားပြီး အီတလီ၊ စပိန်၊ ခရိုအေးရှား၊ ဂရိ၊  ဂျာမနီ၊ နယ်သာလန်နှင့်  ပြင်သစ် အပါအဝင် ဥရောပအဖွဲ့ဝင်နိုင်ငံများ ဆီသို့လည်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အီတလီ စသည့်နိုင်ငံများသို့ ပျမ်းမျှ ဆန်တန်ချိန် လေးသောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆန်တန်ချိန် ငါးသောင်းကျော်၊ ဃဥွှန ီဒှုဠဥျွှုန နိုင်ငံမှ တန်ချိန် တစ်သိန်းကျော်နှင့် ကင်မရွန်း နိုင်ငံမှ တန်ချိန် ငါးသောင်းကျော် သိသိသာသာ တင်ပို့မှု လျော့ နည်းခဲ့ကြောင်း တွေ့ရှိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ (ယာယီ) စာရင်းများအရ ယခင်နှစ်က တင်ပို့မှုမရှိခဲ့သည့် အင်ဒိုနီးရှား ၊ တူရကီ၊ ဂရိ၊ ယူကေ၊ မာဒါဂါစကာ၊ လက်ဘနွန်၊ ဆလိုဗက်ကီးယား၊ ပွာတိုရီကို၊ ကနေဒါ နှင့် အက်စ်တိုးနီးယား စသည့် နိုင်ငံများသို့ ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။

မြန်မာ-တရုတ်  နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်း များအရ   ပြင်ပငွေလဲနှုန်း  တစ်ယွမ်လျှင်  ၄၂၀ ကျပ်နှုန်းရှိပြီး ဧည့်မထ ၂၅ ရာ ခိုင်နှုန်း   ဆန်တစ်အိတ်လျှင် ကျပ် ၄၃၂၆၀ မှ ၄၅၃၆၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေ ဖြင့် တစ်ဘတ်လျှင် ၈၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရ သည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် လွိုင်ကော်မြို့တွင် ကျပ် ၃၄၀ဝ ဖြင့် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်မြို့တွင် ဧည့်မထဆန် သစ် တစ်ပြည်လျှင် ၁၈၀ဝ ကျပ်ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ် ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။

Trading Economics Websiteတွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၆၇ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း  ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ် ပါသည်။