Main menu

Background

သထုံခရိုင်၏ ဆန်၊ စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Tue, 03/14/2023 - 10:09 -- journal_editor

သထုံခရိုင်အတွင်းရှိ မြို့နယ်များ တွင် ဖေဖော်ဝါရီလ  နောက်ဆုံးပတ်တွင် စပါး၊  ဆန်ဈေးနှုန်းမှာ အနည်းငယ် အကျဘက်သို့   ဦးတည်ခဲ့သည်။  သထုံ ခရိုင်အတွင်းမှ  အခြားတိုင်းဒေသကြီး နှင့်  အခြားခရိုင်မြို့နယ်များသို့ ဆန်စီး ထွက်မှုနှုန်းမှာ  မော်လမြိုင်သို့  အိတ် ၃၂၀ဝ ခန့်၊  ကရင်ပြည်နယ်သို့ အိတ် ၃၁၀ဝ ခန့်  စုစုပေါင်း  အိတ် ၆၃၀ဝ ခန့် စီးထွက်ခဲ့ပြီး တန်ချိန်အားဖြင့် ၃၀၄ တန်ခန့် စီးထွက်ခဲ့သည်။ မတ်လပထမပတ်တွင် မော်လမြိုင်သို့  အိတ် ၃၁၀ဝ ခန့်၊ ကရင်ပြည်နယ်သို့   အိတ်  ၃၃၀ဝ ခန့်  စုစုပေါင်း  အိတ်  ၆၄၀ဝ ခန့်  စီးထွက်ခဲ့ ပြီး တန်ချိန်အားဖြင့် ၃၀၈  တန်ခန့်  စီး ထွက်ခဲ့၍  ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ် ပါက ပုံမှန်အတိုင်း  စီးထွက်ခဲ့သည်။
သထုံခရိုင်အတွင်းသို့  ဖေဖော် ဝါရီလ နောက်ဆုံးပတ်တွင် ဆန်စီးဝင်မှု နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ အိတ် ၂၀ဝ၀ ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ အိတ် ၃၀ဝ၀ခန့်၊ စုစုပေါင်း အိတ် ၅၀ဝ၀ ခန့် တန်ချိန်အားဖြင့် ၂၄၀ တန်ခန့်စီးဝင်ခဲ့ သည်။ မတ်လ ပထမပတ်တွင် ရန်ကုန် တိုင်းဒေသကြီးမှ အိတ် ၂၀ဝ၀ ခန့်၊ ပဲခူး တိုင်းဒေသကြီးမှ အိတ် ၂၉၀ဝ ခန့်၊ စုစု ပေါင်း အိတ်  ၄၉၀ဝ ခန့်  တန်ချိန်အား ဖြင့်  ၂၃၆ တန်ခန့် စီးဝင်ခဲ့ပြီး ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်ပါက  ပုံမှန်အတိုင်း စီးဝင်ခဲ့သည်။
သထုံခရိုင်အတွင်းရှိ မြို့နယ်များ တွင်  ယခု မတ်လ ပထမပတ်တွင် စပါး၊  ဈေးနှုန်းများမှာ  စပါးတင်း ၁၀ဝ လျှင်   ဒေသပေါက်ဈေး   ကျားပျံဟိုတယ် ကျပ် ၁၉၀ဝ၀ဝ၀ ခန့်၊    ပေါ်ဆန်းဝါ ကျပ်  ၁၈၀ဝ၀ဝ၀ ခန့်၊   ကမာကြည် ကျပ် ၁၆၀ဝ၀ဝ၀ ခန့်၊  ၂၄ ပြည်ဝင် ဆန် တစ်အိတ်လျှင်  ကျားပျံဟိုတယ် ကျပ် ၆၉၀ဝ၀ခန့်၊ ပေါ်ဆန်းဝါ ကျပ် ၆၇၀ဝ၀၊ ဧည့်မထအုပ်စု ကျပ် ၅၀ဝ၀ဝ ခန့်ရှိပြီး ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်ပါက အတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိသည်။

ထိန်လင်း (သထုံ)