Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Tue, 03/14/2023 - 10:18 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေ‌ဖော်ဝါရီလ ‌နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်းမှာ တည်ငြိမ်နေ၍  ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေသည်။ ရွှေဘို ခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ တတိယပတ် တွင် ရန်ကုန်သို့ အိတ်ရေ ၄၀ဝ၀ဝ ၊ မန္တလေးသို့ အိတ်ရေ ၅၁၇၂၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၆၀ဝ၊ စုစုပေါင်းအိတ်ရေ ၁၂၄၃၂၀၊ တန်အားဖြင့် ၆၂၁၆တန် စီးထွက်ခဲ့သည်။
ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၄၈၂၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၆၀ဝ၊ စုစုပေါင်းအိတ်ရေ ၁၁၇၈၀ဝ၊ တန်အားဖြင့် ၅၈၉၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၆၅၂၀၊ တန်အားဖြင့် ၃၂၆ တန် လျော့၍ စီးထွက်ခဲ့သည်။
ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၅၀ဝ၀၊ ဧရာမင်း စပါး (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 
အေးသိင်္ဂီစိုး(ရွှေဘို)