Main menu

Background

မိတ္ထီလာခရိုင်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများ

Tue, 03/28/2023 - 11:20 -- journal_editor

ဆန်/စပါး

မိတ္ထီလာခရိုင်တွင် စပါးကို မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ခုနှစ် တွင် စိုက်ဧက ၁၀ဝ၇၃၃၊ ရိတ်ဧက ၈၁၇၉၃ နှင့် အထွက် ၅၄၃၈၇၈၅ တင်း ထွက်ရှိကြောင်း၊ ထွက်ရှိသော စပါးများကို ဒေသတွင်း စားသုံးမှုအတွက် ကြိတ်ခွဲထုတ်လုပ်ရောင်းချ ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း  မတ်လတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ မနောသုခ စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၇ သိန်း၊ ဧရာပဒေသာ စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၉ သိန်းခန့်ရှိပြီး၊ မနောသုခဆန် (သစ်)တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ၊ မနောသုခဆန် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ဧရာပဒေသာဆန်(သစ်) တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဧရာပဒေသာဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း(သစ်) တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရသည်။

ဓာတ်မြေသြဇာ

မိတ္ထီလာခရိုင်တွင် စိုက်ပျိုးသည့် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများတွင် အသုံးပြုသည့် သွင်းအားစု ဓာတ်မြေသြဇာဈေးနှုန်းများ  ဈေးကွက်အနည်းငယ် အေးလျက်ရှိသည်။ ယခုမတ်လတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာ ဈေးနှုန်းများမှာ ရွှေတောင် (50) kg  တစ်အိတ်လျှင် ကျပ် ၇၇၀ဝ၀၊ ပုလဲ (50) kg  တစ်အိတ် လျှင် ကျပ် ၇၇၀ဝ၀၊ အမို (50) kg တစ်အိတ်လျှင် ကျပ် ၁၂၈၀ဝ၀၊ MC (50) kg  တစ်အိတ်လျှင် ကျပ် ၁၂၈၀ဝ၀၊ ကွန်ပေါင်း (50) kg  တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ပိုတက် (50) kg တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ဓာတ်မြေသြဇာ ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီးကြောင်း မိတ္ထီလာခရိုင်တွင်း   ဓာတ်မြေသြဇာများကို ရန်ကုန်မှ  အဓိကတင်သွင်းရောင်းချကြောင်း ဓာတ်မြေသြဇာ အရောင်းဆိုင်မှ သိရှိရသည်။

သက်ထူးအောင်၊ မြို့ရီ (မိတ္ထီလာ)