Main menu

Background

သထုံခရိုင်၏ ဆန်၊ စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Tue, 03/28/2023 - 11:48 -- journal_editor

သထုံခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ဒုတိယပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရှိရသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်/မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ အိတ် ၃၂၀ဝ ခန့်၊  ကရင်ပြည်နယ်သို့  အိတ် ၃၃၀ဝ ခန့် စုစုပေါင်း အိတ် ၆၅၀ဝ ခန့်၊ တန်ချိန်အားဖြင့် ၃၁၀ တန်ခန့် စီးထွက်ခဲ့၍ ယခုမတ်လ၏  တတိယပတ်တွင် မော်လမြိုင်သို့  အိတ် ၃၃၀ဝ ခန့်၊ ကရင် ပြည်နယ်သို့  အိတ် ၄၀ဝဝ ခန့် စုစုပေါင်း အိတ် ၇၃၀ဝ ခန့်၊ တန်ချိန်အားဖြင့် ၃၅၀ တန်ခန့် စီးထွက်ခဲ့ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးထွက်ခဲ့သည်။

သထုံခရိုင်အတွင်းသို့ မတ်လ ဒုတိယပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒသေကြီးမှ အိတ်၂၃၀ဝ ခန့်၊ ပဲခူးတိုင်းဒသေကြီးမှ အိတ် ၂၇၀ဝ ခန့်၊ စုစုပေါင်းအိတ် ၅၀ဝဝ ခန့် တန်ချိန်အားဖြင့် ၂၄၀ တန်ခန့် စီးဝင်ခဲ့ပြီး ယခုမတ်လ၏ တတိယပတ်တွင် ရန်ကုန်တိုင်းဒသေကြီးမှ ၁၈၀ဝ အိတ်ခန့်၊ ပဲခူးတိုင်းဒသေကြီးမှ အိတ် ၂၆၀ဝ ခန့်၊ စုစုပေါင်းအိတ် ၄၄၀ဝ ခန့် တန်ချိန်အားဖြင့် ၂၁၀ တန်ခန့်စီးဝင်ခဲ့ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့သည်။

သထုံခရိုင်အတွင်းရှိ မြို့နယ်များ၌ ယခု မတ်လ တတိယပတ်၌ စပါး၊ ဆန်ဈေးနှုန်းများမှာ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀ဝ လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် ကျပ် ၁၉၀ဝဝဝဝ ခန့်၊ ပေါ်ဆန်းဝါ ကျပ် ၁၈၀ဝဝဝဝ ခန့်၊ ကမာကြည် ကျပ် ၁၆၀ဝဝဝဝ ခန့်နှင့် ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံ ဟိုတယ် ကျပ် ၇၃၀ဝဝ ခန့်၊ ပေါ်ဆန်းဝါ ကျပ် ၇၁၀ဝဝ ခန့်၊ ကမာကြည် ကျပ် ၆၅၀ဝဝ ခန့်ရှိပြီး ဧည့်မထ ကျပ် ၅၃၀ဝဝ ခန့်ရှိကြောင်းနှင့် ယခုတစ်ပတ်တွင် စပါး/ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးအနည်းငယ် အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း  သိရှိရသည်။                  

ထိန်လင်း(သထုံ)