Main menu

Background

သထုံခရိုင်၏ ဆန်၊ စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Tue, 05/09/2023 - 12:18 -- journal_editor

သထုံခရိုင်အတွင်းရှိ   မြို့နယ်များ၌   ဧပြီလစတုတ္ထပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့သည်။ သထုံခရိုင်အတွင်းမှ အခြား တိုင်းဒေသကြီးနှင့် အခြားဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှု နှုန်းမှာ မော်လမြိုင်သို့  အိတ် ၃၀ဝ၀ ခန့်၊ ကရင်ပြည်နယ်သို့  အိတ် ၃၅၀ဝ ခန့်၊ စုစု ပေါင်း  အိတ် ၆၅၀ဝ ခန့်၊ တန်ချိန်အားဖြင့်  ၃၁၀ တန် စီးထွက်ခဲ့သည်။ ယခု မေလ၏ ပထမပတ်တွင် မော်လမြိုင်သို့  အိတ် ၃၂၀ဝ ခန့်၊ ကရင် ပြည်နယ်သို့  အိတ် ၃၄၀ဝ ခန့်၊ စုစုပေါင်း  အိတ် ၆၆၀ဝ ခန့်၊ တန်ချိန်အားဖြင့်  ၃၁၈ တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့သည်။
သထုံခရိုင်အတွင်းသို့ ဧပြီလစတုတ္ထပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ  ရန်ကုန် တိုင်းဒေသကြီးမှ  အိတ် ၁၂၀ဝ ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ  အိတ် ၂၁၀ဝ ခန့်၊ စုစု ပေါင်း  အိတ် ၃၂၀ဝ ခန့်၊ တန်ချိန်အားဖြင့်  ၁၅၄  ခန့် စီးဝင်ခဲ့ပြီး ဧပြီလ၏ နောက် ဆုံးပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ဝ၀ အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ အိတ် ၁၈၀ဝ ခန့်၊ စုစုပေါင်း  အိတ် ၂၈၀ဝ ခန့်၊ တန်ချိန်အားဖြင့်  ၁၃၅  တန်ခန့်  စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့   ဆန်စီးဝင်မှုနှုန်းမှာ   ယခင်ပထမပတ်နှင့်  နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့သည်။
သထုံခရိုင်အတွင်း၌   ဧပြီလ နောက်ဆုံးပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါး တင်း  ၁၀ဝ လျှင် ဒေသပေါက်ဈေး  ကျားပျံဟိုတယ် ကျပ် ၂၅၅၀ဝ၀ဝ ခန့်၊  ပေါ်ဆန်း ဝါ  ကျပ် ၂၃၅၀ဝ၀ဝ ခန့်၊  ကမာကြည်  ကျပ် ၂၀ဝ၀ဝ၀ဝ ခန့်နှင့် ၂၄  ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ် ၈၁၀ဝ၀ ခန့်၊ ပေါ်ဆန်းဝါ ကျပ် ၇၉၀ဝ၀ ခန့်၊ ကမာကြည် ကျပ် ၆၉၀ဝ၀ ခန့်၊ ဧည့်မထ ကျပ် ၅၇၀ဝ၀ ခန့်ရှိပြီး ယခုပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ဆက်လက်၍ အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း သိရှိရသည်။                                                                                     

ထိန်လင်း (သထုံ)