Main menu

Background

ဧပြီလအတွင်းဆန်နှင့်ဆန်ကွဲ ပြည်ပသို့ တင်ပို့မှုအခြေအနေ

Tue, 05/23/2023 - 11:20 -- journal_editor

ဆန်
၂၀၂၃ ခုနှစ် ဧပြီလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅၀၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၇၂၀ဝ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၃၁၀ဝ၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၆၁၀ဝ ကျော် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့မှုအများဆုံး နိုင်ငံများ မှာ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၆၁၇၀ ကျော်၊ တူရကီနိုင်ငံသို့ ဆန်တန်ချိန် ၅၆၈၀၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၄၇၅၀၊ အီတလီနိုင်ငံသို့ ဆန်တန် ချိန် ၃၇၅၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၆၅၀၊ အင်္ဂလန် နိုင်ငံသို့ ဆန်တန်ချိန် ၁၈၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၀ဝ၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၇၅၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ချက်နိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ဆလို‌ဗေးနီးယား နိုင်ငံသို့  ဆန်တန်ချိန် ၅၂၀ နှင့်   အခြားအီးယူနိုင်ငံများသို့လည်း အနည်းငယ် တင်ပို့ကြောင်း သိရသည်။
အာရှနိုင်ငံများသို့ ဆန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တန်ချိန် ၇၂၈၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၇၂၅၀၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၀၂၀၊ ဟောင်ကောင်သို့ ဆန်တန် ချိန် ၅၀ဝခန့်နှင့် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ ခန့် တင်ပို့ခဲ့သည်။
ယခုလအတွင်း  မြန်မာ-တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၅၀ ခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၂ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ  ဆန်တင်ပို့မှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၂၁ ဒသမ ၅၂၇ သန်းရရှိပြီး ဆန်တန်ချိန် ၄၇၂၅၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 

ဆန်ကွဲ
ဧပြီ၁ ရက်မှ  ၃၀ ရက်ထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၈၁ သန်း  တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၁၈၅၀ ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၃၂၀ဝ ကျော်နှင့် အာရှနိုင်ငံ များသို့ ဆန်ကွဲတန်ချိန် ၈၅၈၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 
အီးယူးအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုမှာ ဘယ်လ်ဂျီယံနိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၂၃၉၀ဝ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၉၈၀ ခန့်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၂၀ ကျော်၊ ပေါ်တူဂီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၀ဝ ကျော်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ ခန့်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၀ ကျော်၊ အီတလီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ နှင့် ချက်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ ကျော် တင်ပို့ခဲ့ပြီး အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန်၈၃၈၀ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ ခန့် တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၀၅ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၈၁၀ ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၁၇ဒသမ ၃၈၆ သန်းရရှိပြီး  ဆန်ကွဲတင်ပို့မှု တန်ချိန် ၄၅၆၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၉၂၉၀ဝ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၉၁၃ သန်းရရှိကြောင်း သိရသည်။          

   အေးအေးသန့် (DOT)