Main menu

Background

၀မ်းတွင်းမြို့နယ် စပါး/ဆန် ဈေးနှုန်း

Mon, 06/08/2026 - 10:44 -- journal_editor

မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလမှစ၍ မိုးစပါးများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။  မိုးစပါးအသစ်များမှာ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ရှိရာ ဝမ်းတွင်းမြို့နယ်တွင် မနောသုခ၊ ဧရာပဒေသာ စပါးများအပြင် ပေါ်ဆန်း (ဘေးကြား) များလည်း စိုက်ပျိုးပြီးကြောင်း သိရသည်။ 
ယခုနှစ် မေလစတုတ္ထပတ် မိုးစပါးဈေးနှုန်းများမှာ မနောသုခ(မိုး)စပါးတစ်တင်းလျင် ကျပ်၂၄၀ဝ၀၊ ဧရာပဒေသာ (မိုး)စပါးတစ်တင်းလျှင် ကျပ်၃၈၀ဝ၀၊ ပေါ်ဆန်း(ဘေးကျား)စပါးတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀၊ ဆန်ဈေးနှုန်းများမှာ မနော သုခဆန် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ဧရာပဒေသာဆန် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ပေါ်ဆန်း(ဘေးကျား) ဆန် တစ်အိတ်လျှင် ကျပ်၁၆၀ဝ၀ဝ ဈေးရှိပြီး ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် မနောသုခစပါး တစ်တင်းလျှင် ကျပ် ၄၀ဝ၀၊  ဧရာပဒေသာစပါး တစ်တင်းလျှင် ကျပ် ၈၀ဝ၀ ခန့်ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ 
မိတ္ထီလာခရိုင်အတွင်း စပါးကို မိုးစိုက်အနေဖြင့် စိုက်ပျိုးမှုများပြီး ခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်(၄)မြို့နယ်အနက် ဝမ်းတွင်းမြို့နယ်မှာ အများဆုံးစိုက်ပျိုးကြောင်းနှင့် ယခုနှစ် မိုးစပါးတစ်ဧကလျှင် တင်း ၈၀ ဝန်း ကျင် ထွက်ရှိကြောင်း စပါးစိုက်ပျိုးသည့် တောင်သူနှင့် စက်ပိုင်ရှင်များထံမှ သိရသည်။                      

      MDYDOCA