Main menu

Background

ပခုက္ကူမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်း အခြေအနေများ

Mon, 06/08/2026 - 10:51 -- journal_editor

ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်သည့် ဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသော မြို့ဖြစ်သည်။  ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်းကောင်း၊ ဆင်ဖြူကျွန်း၊  စလင်းဒေသများမှလည်းကောင်း  ဝင်ရောက်လျက်ရှိသည်။ 
အများစားသုံးသောဆန်မှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီး သုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မေလစတုတ္ထပတ်တွင် မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀ မှ  ၈၅၀ဝ၀၊ ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀၊ ဇီယာ တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၈၀ဝ၀၊ ဖန်သီးသုခ တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ မှ ၁၂၀ဝ၀ဝ၊ သီးထပ်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ စလင်းမြို့နယ် ရှောက် တော မှလာသော ဧရာပဒေသာ (ရှယ်) တစ်အိတ်လျှင် ကျပ် ၁၈၅၀ဝ၀ မှ ၁၉၀ဝ၀ဝ ရှိသည်။  ဧရာမင်းဆန် တစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်၁၆၅၀ဝ၀  မှ ၁၇၀ဝ၀ဝ ဈေးနှုန်းဖြင့်  အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ပေါ်ဆန်းမွှေးဆန်များမှာ  ဒုတိယအများဆုံး စားသုံးသော ဆန်များဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း ဝင်ရောက်သည်။ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ မှ ၁၈၀ဝ၀ဝ ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းသောကြောင့် တစ်အိတ်လျှင် ကျပ်၂၂၀ဝ၀ဝ မှ ၂၄၀ဝ၀ဝ ဖြင့်  ရောင်းချရ ကြောင်း၊   လက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်းမှာ ဆန်လက်ကျန်များ နည်းပါးနေကြောင်း၊ ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ တက်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရှိရသည်။
 

    သူဇာကျော်(ပခုက္ကူ)