ပုသိမ်မြို့ ဆန်၊ စပါးဈေးကွက်တွင် ယခင်မေလ ဈေးနှုန်းထက် ဇွန်လနောက်ဆုံးပတ် ဈေးနှုန်းအနည်းငယ်မြင့်တက်မှုရှိကြောင်း ဈေး ကွက်မှ သိရသည်၊
ယခင်မေလအတွင်း လူနည်းစု စားသုံးမှုရှိသော ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀- ၃၄၀ဝ၀ ဆန်တစ်အိတ်ကျပ် ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ မိုးမနောသုခ၊ မျိုးပွားစပါး တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀-၁၇၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၅၀ဝ၀၊ နွေသီးထပ်ရင် စပါး တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀-၁၆၅၀ဝ ဆန်တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ-၆၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်၊
ဇွန်လနောက်ဆုံးပတ်ပေါ်ဆန်စပါးတစ်တင်းလျှင် ကျပ် ၃၄၀ဝ၀- ၃၆၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ-၁၃၅၀ဝ၀၊ မိုးမနောသုခ မျိုးပွားစပါး တစ်တင်းလျှင် ကျပ် ၁၈၀ဝ၀/၁၈၅၀ဝ၊ ဆန်တစ်အိတ် ကျပ် ၆၈၀ဝ၀-၇၀ဝ၀ဝ၊ နွေသီးထပ်ရင် စပါးတစ်တင်းလျှင် ကျပ် ၁၆၀ဝ၀- ၁၇၅၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀-၆၇၀ဝ၀ ဈေးဖြစ်သွားသည့် အတွက် စပါးတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ-၂၀ဝ၀ဝ ဝန်းကျင်နှင့် ဆန် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆန် လက်လီ/လက်ကား အရောင်းဆိုင်နှင့် ကုန်သည်များထံမှ သိရသည်၊
ပုသိမ်ဈေးကွက် မှ ဆန်/ဆန်ထွက်ပစ္စည်းများကို ပြည်ပတင်ပို့ရန်နှင့်ပြည်တွင်းစားသုံးရန် အဓိကဈေးကွက်မှာ ရန်ကုန်မြို့နှင့် အထက်အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်၊
ရန်ကုန်မြို့မှ ပြည်ပတင်ပို့ရန် ဈေးကွက်အဝယ်လိုက်လာသောအခါ အရောင်းအဝယ်သွက်၍ ဈေးနှုန်းမြင့်တက်မှုရှိပြီး အထက်အညာဆန်လိုဒေသများမှ ဝယ်လိုအားမြင့်တက်ပါကလည်း ဈေးနှုန်းမြင့်တက်မှုရှိကြောင်း ဆန်ကုန်သည် ဆန်စပါး အသိုင်းအဝိုင်းမှသိရသည်၊
မင်းမင်းဦး(ပသ)
